Part 13

25.6K 2.6K 171
                                    

"ပြန်ရောက်ပြီလား?"

"မမြင်ဘူးလား"

လူတစ်ယောက်လုံးပြန်လာတာ မြင်နေတာတောင်
ရန်စကားလာပြောသော
ရိပေါ်ကြောင့် ရှောင်းကျန့်အကန်တွေသာ
ပြန်ပြောမိသည်။

"ကျစ်!!မင်းစကားကို
ကောင်းကောင်းပြောလို့မရဘူးလား"

"တန်လို့လား!"

"ဘာ!!!!"

"ခင်ဗျားက စကားအကောင်းနဲ့
တန်လို့လားလို့"

ရှောင်းကျန့်စကားကြောင့်
ရိပေါ်မျက်နှာတစ်ခုလုံးရဲစက်လာသည်။

ဒီတစ်လောအလျော့ပေးမိလို့ရောင့်တက်
လာတာများလား။

"ကောင်းပြီလေ။မင်းကစကားအကောင်းနဲ့မှ
မတန်ဘဲဟာ။ဘယ်တော့မှ
မင်းကိုစကားမပြောဘူး"

မျက်လုံးနှစ်လုံးလုံးကို တည့်တည့်ကြည့်ပြီး
ပြောသွားသည့်ရိပေါ်ကြောင့်
ရှောင်းကျန့်ကျောချမ်းမိတာတော့အမှန်။

အရင်ကလည်း ဒီလိုပဲစိတ်ဆိုးမိပေမဲ့
ခုလိုမျိုးကြီး တစ်ခါမှမခံစားဖူး။

အိမ်ပေါ်ကိုပြေးတတ်သွားသည့်
ရိပေါ်ကျောပြင်ကို ရှောင်းကျန့်ငေးရင်းသာ
ကြည့်နေမိသည်။

တကယ်ဆိုစိတ်ဆိုးရမှာက ငါမဟုတ်ဘူးလား။

တွေးရင်း အိမ်ပေါ်ကလူကို
မျက်စောင်းလှမ်းထိုးလိုက်သည်။

*ကြည့်လို့ကိုမရဘူး*

💕💕💕💕

"မားတို့ ဖုန်းဆက်တယ်"

ရှောင်းကျန့်စကားကို ဘာမြှပန်ပြောဘဲ
မီးဖိုခန်းထဲဝင်သွားသည့် ရိပေါ်ကြောင့်
ရှောင်းကျန့်တစ်ယောက်ကြောင်ကြည့်နေမိသည်။

"ဟေ့!!ကျွန်တော်ပြောတာကြားလား"

ရိပေါ်ခေါင်းသာ ညိတ်ပြသည်။
ရှောင်းကျန့် ဘာမှမပြောတော့ဘဲ
မီးဖိုခန်းထဲဝင်လာပြီး ဆူနေသောရေနွေးအိုးကို
အယောင်ယောင်အမှားမှားနှင့်
လှမ်းကိုင်လိုက်သည်။

"အ!!"

ရေနွေးငွေ့တွေလာရိုက်တာကြောင့်
လက်တစ်ခုလုံးပူသွားရပြီး
အပူသက်သာစေဖို့ ရှောင်းကျန့်မှာ
လက်ဖဝါးကို လေထဲ တဖျပ်ဖျပ်ခါလျှက်။

Tom And Jerry(Completed )Hikayelerin yaşadığı yer. Şimdi keşfedin