"
"ဘာလဲကွာ။ဒီလောက်ကြီး ရိုက်ပစ်ရလား..!"ထိုင်ခုံလေးပေါ်မှာ
မေ့မျောနေသည့်ကောင်လေးကို
ကြည့်ရင်း ပြောနေသည့် ထိုသူ။"မသိဘူးကွာ။မုံမုံက ဖမ်းထားဆိုလို့
ဖမ်းတာပဲဟာ။သူ ကရော
အေးဆေးလိုက်လို့လား။
ကန်ကျောက်လိုက်တာဆိုတာ
ငါ့ကိုတောင် ထိတယ်..!"ဖိနပ်ရာလေး ထင်နေသော သူ့ပါးစောင်ကို
ထိုးပြရင်းပြောတော့ ထိုသူကမျက်စောင်းထိုးကာ"ဟို မုံမုံကလည်း
ဘယ်သွားနေတာလဲကွာ။
သူဖမ်းထားလို့ပြောလို့သာ
ဖမ်းရတာ။စိတ်သိပ်ပါတာ
မဟူတ်ဘူး။..!""လာတော့မှာပါကွ။
ခဏလေးပဲစောင့်..ငါဖုန်းဆက်ခေါ်လိုက်မယ်။!""မြန်မြန်ခေါ်။ဒီကောင်လေးနိုးလာလို့မှ
သူပြန်မလာရင် ငါက လွှတ်ပေးလိုက်မှာ""အေးပါကွာ။
စိတ်ချည်းပဲ မင်းကလည်း""ငါတို့ဘ၀ကလည်း ဘက်စကတ်ဘော
မဆော့ရဘဲ လူဆိုးလုပ်နေရတယ်။!"💕💕💕
"မား....ဘယ်လို ရောက်လာတာလဲ?
ကလေးရော.."ရိပေါ်ပြုံးရွှင်စွာထွက်ကြိုတော့
မားမျက်နှာတစ်ချက်ပျက်သွားကာ"သားလေးက ဒီကို သူအရင်လာတာလေ။
ခုထိမရောက်သေးတာလား။!""မရောက်သေးဘူး မားရ။ဘယ်ကို
ရောက်နေတာပါလိမ့်..!"ရိပေါ်တစ်ယောက်တည်းရေရွတ်ကာ
လမ်းဘက်လှမ်းကြည့်နေစဉ်
ဖုန်းဝင်လာသဖြင့် ကိုင်လိုက်တော့"Hello....ရိပေါ်..!"
"မုံမုံ...ငါနောက်မှပြောမယ်။အရေးကြီးနေလို့..!"
"ရိပေါ်...နင်ဖုန်းမချနဲ့။ရှောင်းကျန့်ငါ့ဆီမှာ။..!"
"ဟုတ်လား...ငါအခု လာခဲ့မယ်။ဘယ်မှာလဲပြော"
ရိပေါ်မေးလိုက်တော့ သူမထံမှ
ရယ်သံခပ်အက်အက်ထွက်လာကာ"အပေးယူကြီးကလည်း ။
စိတ်ပျက်ဖို့ကောင်းလိုက်တာ။
ဒါနဲ့........
ရှောင်းကျန့်လေးကဒီလောက်
ချစ်ဖို့ကောင်းတာကို
ငါဘာလို့ ကောင်လေးတွေနဲ့
ထားခဲ့မိပါလိမ့်..."
ESTÁS LEYENDO
Tom And Jerry(Completed )