"ကလေး ဘယ်သွားချင်တာလဲ!!"
"ရတယ်...ဘယ်ဖြစ်ဖြစ်!!"
ပါးချိုင့်လေးပေါ်အောင်ရယ်ပြနေသည့်
ရှောင်းကျန့်ကို နောက်ခန်းကတစ်ယောက်ကတော့
မျက်ထောင့်နီကြီးနဲ့သာ ကြည့်နေသည်။"အဲ့တာဆို တစ်ခုခု အရင်တစ်ခုခု
သွားစားကြမယ်လေ။ပြီးမှ
ကလေးသွားချင်တာ လိုက်ပို့ပေးမယ်..!""ဟုတ်"
ကားနောက်ခန်းက သူ့ကိုရှိတယ်လို့ပင်မထင်သော
ရှောင်းကျန့်ကို ရိပေါ်ကားပေါ်မှ
ဆွဲချကာ ကိုင်ပေါက်ချင်စိတ်များ
တဖွားဖွား။"ရိပေါ်..ဘယ်နားရပ်ပေးရမလဲ...!"
ရန်ဖေးဆီက စကားကြောင့် ရှောင်းကျန့်ဆီမှ
ခွီးဆိုသော ရယ်သံ လေးထွက်လာသည်။"ငါ့ကို လမ်းကြုံလိုက်တာတယ်
ထင်နေတာလားမင်းက!""မဟုတ်ဘူးလား!"
သူပြန်မေးလိုက်ခါမှ တကယ်ဒေါသထွက်ရသည်။
သေချာကြည့်ပေါ့။ဒီရုပ်က လမ်းကြုံလိုက်မဲ့ရုပ်လား။
"ရှောင်းကျန့်နောက်လိုက်လာတာ။"
"ခင်ဗျားကို ဘယ်သူလိုက်ခိုင်းလို့လဲ!"
"မင်းက နေမကောင်းသေးဘဲ
လမ်းသလား ချင်တာကိုး။
တစ်ခုခုဖြစ်ရင် မားတို့ပဲ ငါ့ကိုဆူမှာ..!"သူ့စကားကြောင့်နောက်ခန်းကိုလှည့်ကာ
ရန်ဖြစ်နေသူလေးက ချက်ချင်းရြေှ့ပန်လှည့်
သွားသည်။နှုတ်ခမ်းလေးကလဲ
တစ်ထောင်လောက် စူလျက်။"ကော...ဒီမှာ ရပ်ပေးတော့။
ကျွန်တော် မလိုက်တော့ဘူး..!!""ဘာဖြစ်လို့လဲ ကလေးရဲ့"
ရန်ဖေးက ကားလေး လမ်းဘေးချရပ်ကာ
"နေမကောင်းလို့လား"
"မဟုတ်ပါဘူး။ကောကိုတော့ အားနာပါတယ်။
ဒါပေမဲ့ ကျွန်တော်မသွားချင်တော့ဘူး။
ဝတ္တရား အရလိုက်နေတဲ့ လူတွေရှိလို့..!"ပြောပြီး ကားပေါ်မှ ဆောင့်အောင့်ကာဆင်းသွားသည့်
ပေါက်စ။"ငါလိုက်သွားလိုက်အုံးမယ်!"
သူလည်းရန်ဖေးကို နှုတ်ဆက်ခဲ့ပြီး
ကောက်တေးလေးနောက် အပြေးလိုက်ရတော့သည်။
YOU ARE READING
Tom And Jerry(Completed )