Part 28

24.4K 2.2K 167
                                    

ကျယ်လောင်စွာထွက်လာသော သေနတ်သံနှင့်အတူ ရိပေါ် နားနှစ်ဖက်ကို လက်နှင့်အုပ်ကာ
ထိုင်ချမိလိုက်သည်။

"ခွမ်း....!"

မုံမုံ ရိပေါ်ကို သေနတ်နှင့်ရွယ်လိုက်စဉ်
နောက်မှ ရဲတစ်ယောက်က
သူမ လက်အား ရိုက်ပြီး ပင့်တင်လိုက်သဖြင့်
ကျည်ဆံက မီးဆိုင်းကိုမှန်ပြီး
ဖန်ကွဲစများ ပြုတ်ကျလာသည်။

"လွှတ်...ငါ့ကိုလွှတ်..!"

ကျယ်လောင်စွာအော်နေသော
သူမကို ရဲများဖမ်းဆီးသွားသည်ထိ
ရိပေါ် ထိုနေရာမှာကြောင်နေမိသည်။

ဖန်ကွဲစများ ပြန့်ကျဲနေသော
နေရာကိုကြည့်ရင်း
ကြောက်လန့်မှုတွေဝင်လာသည်။

သူမှင်သက်နေတုန်း ဖုန်းသံကြားမှ
သတိဝင်လာကာ ထုတ်ကြည့်မိတော့
ကျန်းချန်။

"ကျန်းချန်...တွေ့ပြီလား..!"

"တွေ့ပြီကော။ကောမြန်မြန်လာ.
ရှောင်းကျန့် ဘာမှမေးလို့မရလို့..!"

လက်ရှိအခြေအနေကိုမေ့သွားသည်အထိ
ရိပေါ် ကားကို တရကြမ်းမောင်းကာ
ကလေးဆီကို သွားနေသည်။

"ခဏပဲကလေး။ကောလာနေပြီ...!"

💕💕💕

"သားကျန့်....မားကိုကြည့်ပါအုံး..!"

ရှောင်းကျန့်သည် တုပ်တုပ်မျှမလှုပ်ဘဲ
သူ့လက်လေးနှစ်ဖက်ကိုသာ
တင်းနေအောင်ဆုပ်ထားမိသည်။

သူ ရိပေါ်နဲ့ပဲ စကားပြော ချင်သည်။
ထိုလူနှင့် စာရင်းရှင်းပြီး ဝေးဝေးမှာနေပေးသင့်ရင် နေပေးမည်။

စိတ်ထဲက စကားတွေကြောင့်
မျက်ရည်တွေက ပါးပြင်ပေါ်အလုံးလိုက်။

သူ့အားမေးမြန်းလို့မရသော
မားတို့သက်ပြင်းသံတွေကိုလည်း
သူကြားသည်။သို့ပေမဲ့ ရှောင်းကျန့် ဒီလောက်တော့ စိတ်ဆိုးသင့်သည် မဟုတ်လား။

*ခင်ဗျားကိုချစ်ရတာ ပင်ပန်းတယ်ဗျာ။*

အံကိုတင်းတင်းကြိတ်ထားရင်း
ကျလာမဲ့မျက်ရည်တို့ကိုသာ
ထိန်းထားနေမိစဉ်

"ဒုန်း....!"

ရုတ်တရက် တံခါးဆောင့်ဖွင့်လိုက်သည့်
အသံနှင့်အတူ ချွေးတလုံးလုံးနှင့်သူ။

Tom And Jerry(Completed )Where stories live. Discover now