Part 9

25.6K 2.7K 66
                                    


နောက်မှတောက်လျှောက်လိုက်နေသော ကောင်လေးတစ်
အုပ်ကြောင့် ရှောင်းကျန့်
လွယ်အိတ်လေးကိုသာပိုက်ကာ
ခြေလှမ်းခပ်မြန်မြန်လျှောက်မိသည်။

တကယ်ဆိုအခုသူ့နောက်လိုက်နေရမှာ
ရိပေါ်Fan Clubက
ဗလကြီးကြီးကောင်မလေးတွေမဟုတ်ဘူးလား။
အခုက သူ့အားအမဲဖျက်မည့်မျက်လုံးတွေနှင့်
ကြည့်နေသည့် ကောင်လေးတစ်အုပ်။

လူများသည့်အဆောင်တွေချည်း ရွေးပြေးနေရ၍
သူ့စာသင်ဆောင်နှင့်ပင်အတော်ဝေးနေပြီ။

ပြေးရင်းမျက်နှာချင်းဆိုင်ရှေ့ကပါ
ထပ်ထွက်လာသော
ကောင်လေးတစ်အုပ်ကြောင့်
ရှောင်းကျန့်ဇောချွေးများပင်ပျံနေသည်။

ကြောက်၍တုန်နေသောဒူးတို့ကို
မလဲကျအောင်သာထိန်းရင်း
ပြေးရမည့်လမ်းကိုရွေးနေစဉ်

ရုတ်တရက်လက်တစ်ဖက်က ရှောင်းကျန့်ပခုံးပေါ်
ရောက်လာပြီး

"မင်းအေးဆေးလိုက်ခဲ့ရင်ကောင်းမယ်"

ပြောပြီးရှောင်းကျန့်ပခုံးပေါ်မှ ထိုလူ၏လက်ကပိုမိုတင်းကျပ်လာသည်။

ရှောင်းကျန့်နာလွန်း၍ မျက်ရည်လေးများပင်ဝဲလာသည်။

"ငိုမနေနဲ့။မင်းရိပေါ်ကောက အခုချိန်
ကျန်းလီနဲ့ မြူးလို့ကောင်းတုန်း။
အဲ့အစား မင်းကိုအသုံးချရမှာ။အသာလေးလိုက်ခဲ့"

ခါးနားလာထောက်သည့် ခပ်စူးစူးအရာကြောင့်
ရှောင်းကျန့် မျက်ရည်လေးများ
အတိုင်းအဆမရှိကျလာသည်။

မလှုပ်မယှက်ဘဲ ထောက်ထားသည့် ဓားကိုသာကြည့်ပြီး
ငိုနေသည့် ရှောင်းကျန့်ကြောင့်
ထိုလူကစိတ်မရှည်ဟန်ဖြင့်

"မင်းဆက်ရပ်နေအုံးမှာလား"

ဓားဦးက ရှောင်းကျန့်အင်္ကျီစလေးကို
ဖောက်ပြီးခါးကိုလာထိုးသဖြင့်
ထိုသူခေါ်ရာသာလိုက်သွားရသည်။

💞💞💞

"ဝမ်ရိပေါ်။မင်းတစ်ပွဲတစ်လှမ်း ခေါ်ထားပြန်ပြီပေါ့"

သူငယ်ချင်းပြောသည့်စကားကို နားမလည်၍
ဝမ်ရိပေါ် မျက်မှောင်ကျုံ့ကာ

Tom And Jerry(Completed )Tempat cerita menjadi hidup. Temukan sekarang