Part 6

28K 3K 274
                                    

အိပ်ခန်းထဲရောက်သည်နှင့် ရှောင်းကျန့်အနီးနားမှ
ပစ္စည်းတွေကိုကန်ကျောက်နေသည်။

*လူစိတ်မရှိတဲ့လူ။အကြင်နာတရား
ခေါင်းပါးတဲ့လူ။*

ရှောင်းကျန့်ဆိုဖာကြီးအား ရိပေါ်အမှတ်နှင့်ကန်ကျောက်သည်။
မ၀သေးတော့တက်ခုန်သည်။

*မကျေနပ်ပါဘူး။သူငါ့ကို လမ်းမကြီးပေါ်မှာပစ်ထား
ခဲ့တာမလား။အဲ့တော့ဒင်းကိုလည်း ဒီည
လမ်းပေါ်မှာအိပ်ရအောင်ငါလုပ်ပြမယ်.*

ရှောင်းကျန့်တွေးရင်း နောက်ဆုံးအနေနဲ့
ဆိုဖာကြီးကို
ခပ်ပြင်းပြင်းလေးတစ်ချက်ကန်လိုက်သည်။

"သေစမ်း..လူယုတ်မာကြီး!!!!"

💚💚💚

"ကော...အရက်မသောက်ဘူးလား"

ရှောင်းကျန့်နှင့်စိတ်တိုလာ၍
ညစ်ညစ်နှင့်သောက်ဖို့သူငယ်ချင်းတွေ
ခေါ်လိုက်မိသည်။
သကောင့်သားတွေက ကျန်းလီတို့
မိန်းကလေးဂျုနီယာလေးတွေကိုပါခေါ်လာသည်။

ကိုယ်မသောက်နိုင်တာကို
မိန်းကလေးတွေဟားတိုက်မှာ ရိပေါ်ရှက်သည်။
မသောက်နိုင်တာကလည်း ခက်သည်။
အရက်ကို တို့စိတို့စိလုပ်နေပြီး
ဟန်မပျက်နေနေသော်လည်း သူ့အားအမြဲငေးနေသော
ကျန်းလီမှမေးလာသည်။

"ကော....မသောက်ချင်လို့"

"ဘာလို့လဲကောရဲ့။ကျန်းလီတို့ပါလို့လား"

"မဟုတ်ပါဘူး။ကောကမူးရင်ဘာမှ
မသိတော့ဘူး။
ကျန်းလီရှေ့မှာကိုယ် ဣန္ဒြမေပျက်ချင်ဘူး"

သူ့စကားကြောင့်ကျန်းလီက ပြုံးလေသည်။

"ဟုတ်ပါပြီကောရဲ့။တစ်ခွက်ပဲသောက်။ဟုတ်ပြီလား"

သူမစကားကိုသူနာခံသလို ခေါင်းငြိမ့်ပြလိုက်သည်။

💚💚💚💚

"ရှောင်းကျန့်!!!!!!"

ရီဝေနေသောအသံနှင့်အိမ်ပေါက်ဝတွင်ဖင်ပြဲအောင်အော်
နေသည့်ရိပေါ်ကို ရှောင်းကျန့်အိမ်ပေါ်ထပ်မှ
လိုက်ကာစလေးအားလှပ်၍
ခိုးကြည့်နေသည်။

"ရှောင်းကျန့်!!!!!"

"ဘယ်လိုလဲလူယုတ်မာကြီး။အပြင်မှာ
အေးရဲ့လား"

Tom And Jerry(Completed )Where stories live. Discover now