Part 11

25.5K 2.6K 97
                                    


"ရှောင်းကျန့်!အိမ်ရောက်ပြီထတော့"

တစ်လမ်းလုံးအိပ်လျှက်ပါလာသည့်
ရှောင်းကျန့်အား ပခုံးလေးမှကိုင်ကာ
ရိပေါ်နိုးလိုက်သည်။

"ရှောင်းကျန့်!!"

ခပ်ကြမ်းကြမ်းလေးဆွဲရမ်းလိုက်တော့
ရဲစက်နေသည့်မျက်ဝန်းလေးနှင့်အတူ နိုးလာသည်။

"ဟင်!!ရောက်ပြီလား"

"အင်း။ညစာစားအုံးမလား။
ကောပြန်ဝယ်မလို့"

"မစားတော့ဘူး။အိပ်ချင်နေပြီ"

"ပြီးရော။အဲ့တာဆို စောစောအိပ်တော့။"

ရှောင်းကျန့်ဘာမြှပန်မပြောတော့ဘဲကားပေါ်မှ
ဆင်းလာခဲ့သည်။

ဘာပဲဖြစ်ဖြစ် ရှင်းပြချက်လေးတော့
ပေးသင့်သည်ထင်သည်။

*ရတယ်လေ။ခင်ဗျားကဖြေရှင်းဖို့မကြိုးစားတော့
ကိုယ့်ဘာသာပဲကလဲ့စားချေရတော့မှာပေါ့*

💕💕💕💕

"ရှောင်းကျန့်။ပြီးပြီလား"

အိမ်အောက်မှ ရိပေါ်၏အသံကိုကြားသည်နှင့်
ရှောင်းကျန့်မဲ့ပြုံးပြုံးလိုက်မိသည်။
အခုဆိုရိပေါ် ရှောင်းကျန့်ကိုစောင့်နေတာ
တစ်နာရီနီးပါးရှိနေပြီ။
ရှောင်းကျန့်ကျောင်းသွားရန်အဆင်သင့်
ဖြစ်နေသော်လည်း
ခုထိအောက်မဆင်းသေး။

*စောင့်လိုက်အုံး ၀မ်ရိပေါ်!!*

ရိပေါ်ကတော့နာရီကြည့်လိုက်
အိမ်ပေါ်ကိုကြည့်လိုက် နှင့်အလုပ်ရူပ်နေသည်။

စိတ်မရှည်တော့သည့်အဆုံး
အသံကုန်ခြစ်၍သာအော်ခေါ်မိသည်။

"ရှောင်းကျန့်!!!!!"

သူ့အသံသာပဲ့တင်ထပ်သွားသည်။တုန့်ပြန်သံကမပြန်လာ။
တစ်ခုခုများဖြစ်နေလားဆိုတဲ့အသိနှသ့်
အိမ်ပေါ်သို့အရူးတစ်ပိုင်းပြေးတတ်မိတော့

EarPhoneကိုတပ်ကာအခန်းထဲမှ
ထွက်လာသူလေး။
သူ့ကိုတွေ့တော့အံ့အားသင့်နေသည့်ပုံစံလေးနှင့်

"ကောမသွားသေးဘူးလား။ကျွန်တော်ကကောသွား
ပြီထင်ပြီး စီနီယာရန်ဖေးနဲ့
လမ်းကြုံလိုက်သွားမို့"

Tom And Jerry(Completed )Where stories live. Discover now