Part 17

27K 2.6K 267
                                    

"သူက သတိမရသေးဘူးလား"

ကုတင်ပေါ်မှရှောင်းကျန့်ကိုကြည့်ရင်း
ကျန်းချန်မှ မကျေနပ်သံနှင့်ဆိုလာသည်။

"ဘာလုပ်မို့လဲ...သတိရတော့"

"ရိပေါ်ကောကို လက်စားချေစေချင်လို့"

ကျန်းချန်စကားကြောင့် ယွီပင်းခေါင်းရမ်းမိသည်။

"သူ့မိသားစုကတောင်အဲ့လိုမတွေးဘူး။
မင်းကဘာဖြစ်နေတာလဲ"

"အဲ့တာကသူ့မိသားစု။ငါက သူ့သူငယ်ချင်း။
အဖြစ်အပျက်တွေကို ငါတို့ပဲသိတာ။
သူတို့မားတွေမသိဘူး"

"တိတ်တိတ်နေပါတော့ကွာ။
သူတို့ကြားရင် စိတ်မကောင်းဘဲနေမယ်။
ရှောင်းကျန့်သူ့ဘာသာ ဆုံးဖြတ်မှာပေါ့!"

ယွီပင်းအပြောနှင့်ကျန်းချန်ငြိမ်ကျသွားသည်။

စိတ်ထဲက အလိုမကျမှုတွေကိုတော့
နှုတ်ခမ်းမှာ ဖော်ပြထားရင်း။

💕💕💕💕

ရှောင်းကျန့်မျက်လုံးအစုံပွင့်တော့
မြင်လိုက်ရသည်က
အဖြူရောင်မျက်နှာကျက်ကြီး။

တစ်ကိုယ်လုံးလဲလေးလံနေတာကြောင့်
ပတ်ဝန်းကျင်ကိုစောင်းငဲ့ကြည့်လိုက်မိသည်။

သူ့ကုတင်ပေါ်ခေါင်းတင်ပြီး အိပ်နေသည့်သူကြောင့်
ရှောင်းကျန့်တွေဝေသွားသည်။

ဝမ်ရိပေါ်။

လူနာလာစောင့်သည့်လူက လူနာနိုးနေတာတောင်
သူက မသိသေး။

ရှောင်းကျန့်ကုတင်ပေါ်မှ ထရန်ပြင်လိုက်တော့
သူ့လက်ကို ဆုပ်ကိုင်ကာ
ပါးအပ်ပြီးအိပ်နေသည့်ရိပေါ်ကြောင့်
စိတ်ထဲနည်းနည်းတော့
ကြည်နူးသွားသည်။

ဘာပဲဖြစ်ဖြစ် ရှောင်းကျန့် သူ့ကိုချစ်တယ်လေ။

သူ့ပါးအောက်က လက်ကို
အသာလေးဆွဲထုတ်လိုက်တော့
ပါးစပ်ကပွစိပွစိလုပ်ပြီး
ပြန်အိပ်သွားသည်။

ဒါကလူနာစောင့်တဲ့။

လာလုပ်ကြံသွားရင်တောင်
သိလိုက်မှာမဟုတ်ဘူး။

ရှောင်းကျန့် စပ်ဖြင်းဖြင်းဖြစ်နေသည့်
မျက်စိတွေကြောင့်
မျက်နှာသစ်လိုက်ပြီး
ကုတင်ဆီပြန်လာတဲ့အထိ ကိုယ်တော်ချောက
အိပ်လျက်။

Tom And Jerry(Completed )Where stories live. Discover now