Part 4

27.6K 2.6K 167
                                    


ရှောင်းကျန့်ကိုကျောပိုးပြီးလာသည့် ရိပေါ်ကြောင့်
ရွက်ဖျင်တဲထိုးနေသည့် လူတွေအားလုံး
ကြောင်ကြည့်နေကြသည်။

အများစုကရိပေါ်Fanများ ဖြစ်ကြ၍
ရိပေါ်ကျောပေါ်မှ ရှောင်းကျန့်ကိုကြည့်ပြီး
ဆွဲချပြီးနင်းချေချင်စိတ်များ ပေါက်လာမှာ
မလွဲပေ။

"ဟာ....ရှောင်းကျန့်လမ်းမှာ အိပ်ပျော်သွားလို့
ကျောပိုးလာတာလားရိပေါ် "

သူ့သူငယ်ချင်းစကားကြောင့် ရိပေါ်ကျောပေါ်မှ
ကောင်လေးကို စောင်းကြည့်လိုက်သည်။

*ကျစ်!ဘယ်လိုတောင်အိပ်ပုပ်ကြီးတာလဲ။ *

" အေး.ငါ့ရွက်ဖျင်တဲပြီးသွားပြီလား"

"အင်းပြီးသွားပြီ။ငါမင်းနဲ့တူတူနေဖို့....... "

" ငါရှောင်းကျန့်နဲ့ အတူတူနေလိုက်မယ်။
မင်းအသစ်ထပ်လုပ်လိုက်။"

ပြောပြီးရွက်ဖျင်တဲထဲဝင်သွားသည့် ရိပေါ်ကို
အားလုံးကြောင်ကြည့်နေကြသည်။

ကျောပေါ်မှအိပ်ပျော်နေသည့် ကောင်လေးအား
ခါးမှပွေ့၍ဖြေးဖြေးချင်းအိပ်ယာပေါ်သို့ချလိုက်သည်။

ရှောင်းကျန့်သူ့လည်ပင်းများကို မလွတ်တမ်း
ဖက်ထား၍ ရိပေါ်ရှောင်းကျန့်မျက်နှာကို
နီးကပ်စွာမြင်နေရသည်။

အချိန်ဘယ်လောက်ကြာသွားလဲမသိ။
သတိဝင်လာပြီး သူ့လည်ပင်းပေါ်မှရှောင်းကျန့်လက်များကို
အတင်းဆွဲဖြုတ်ကာရွက်ဖျင်တဲမှထွက်လာခဲ့သည်။

*ဘာလို့အရမ်းမောနေတာလဲ *

💚💚

" ရိပေါ်ကော"

နောက်မှခေါ်သံကြောင့် ရိပေါ်လှည့်ကြည့်မိသည်။
သူမအရင်လိုပင်အလှဆုံးလေးပြုံးပြသည်။
ရိပေါ်ဒီအပြုံးလေးကိုမငေးပဲမနေနိုင်။

" ဟေ့ကောင်ရိပေါ်...ခေါ်နေရင်ပြန်ထူးရတယ်ကွ"

ဘေးနားကကောင်တွေ ဝိုင်း,စခါမှ
ရိပေါ်သတိဝင်လာသည်။

"ဟင်!သြော်။ဘာဖြစ်လို့လဲညီမ "

"ဒီည ညစာအတွက်ရိပေါ်ကောတို့ အဖွဲ့သားတွေ
ဖို့ပါ ညီမတို့မိန်းကလေးအဖွဲ့တွေချက်ရမှာ။
အဲ့တာကောတို့ ဘာစားချင်လဲမေးတာ"

Tom And Jerry(Completed )Where stories live. Discover now