Part 30

47.6K 2.9K 274
                                        


ချစ်ရတဲ့သူ အနားမှာရှိတဲ့ အချိန်က
အနွေးထွေးဆုံးပဲတဲ့။

ဟုတ်မယ်ထင်တယ်။

နှင်းတွေဝေနေတဲ့ ဒီလိုဆောင်းတွင်း
နံနက်ခင်းမှာတောင်
အေးစက်စက်လေးထုကြားထဲမှာ
ကျွန်တော်တို့ ဆိုင်ကယ်တစ်စင်းနဲ့
မြို့ပတ်နေသည်လေ။

သူ့ ခါးကိုဖက်ထားတာလေးနဲ့တင်
ဘာပိုးစောင်မှမလိုအောင်
အနွေးဓာတ်က ရှိပြီသား။

ကျွန်တော့်ရဲ့ အေးစက်နေတဲ့
ခန္ဓာကိုယ်အစိတ်ပိုင်းလေးတွေကတော့
ကျိန်ဆဲနေမှာပဲ။

ဒါပေမဲ့ ကျွန်တော် အေးတယ်ဆိုတာ
မသိရလောက်အောင်
နွေးထွေးနေတော့ အခက်သား။

"နှာဖျားလေးတွေ အေးစက်နေတာပဲ။
လာ ....ကော အာငွေ့ပေးလိုက်မယ်..!"

ရှောင်းကျန့် နှာခေါင်းလုံးလုံးလေးကို
ဖျစ်ပြီး ပြောလိုက်တော့
လက်သီးဆုပ်လေးက ရင်ဘတ်ပေါ်ကို
ရောက်လာသည်။

"ဒီလောက်အေးနေတာကို မြစ်ဘေးခေါ်လာပြီး
ဘာလုပ်မလို့လဲ။....!"

"မပြောပြပါဘူး။ပြောပြရင် ဘယ်လိုလို့
ပျော်စရာကောင်းတော့မလဲ..!"

"နေပေါ့။အခုမပြောပြရင် တစ်သက်လုံး
မပြောရဘူး...!"

"ဟာ....ကလေးကလည်း။
ပြောပြမယ်ကွာ။ဟုတ်ပြီလား..!"

ပြောပြီး အင်္ကျီလက်ထဲ
နစ်နေသော ရှောင်ကျန့်လက်လေးကို
ဆွဲထုတ်ကာ လက်သွယ်သွယ်လေးပေါ်မှာ
လက်စွပ်လေးတစ်ကွင်းကိုနေရာ
ယူလိုက်စေသည်။

"ဒါက...!"

"ကောကို လက်ထပ်ပါ ကလေး။
ဒီတစ်ခါက မိဘစီစဉ်ပေးတာမဟုတ်သလို
မှားယွင်းပြီး လက်ထပ်တာမျိုးလဲ
မဟုတ်ဘူး။ကောရင်ထဲက အချစ်စစ်နဲ့
ကလေးကို လက်ထပ်ခွင့်တောင်းတာ။
ကောကို လက်ထပ်ပါ ...!"

အေးစက်နေတဲ့ ရှောင်းကျန့်လက်လေးကို
သူ့လက်နှစ်ဖက်နှင့်ဖိအုပ်ထားပြီး
လက်ထပ်ခွင့်တောင်းနေသည့်
ရိပေါ်ကြောင့် ရှောင်ကျန့်ပြုံးစိစိပင်
ဖြစ်သွားသည်။

"ကျွန်တော်လက်ထပ်မယ်လို့ပြောမိလို့လား။
ခင်ဗျားက ခင်ဗျားအပိုင်လိုလို
ဘာလိုလိုနဲ့ လူကိုလက်စွပ်ကြီး
အတင်းဝတ်ပြီး ယူခိုင်းနေတယ်။
လက်ထပ်ခွင့်တောင်းတာနဲ့လည်း
လုံးဝမတူဘူး..!"

Tom And Jerry(Completed )Hikayelerin yaşadığı yer. Şimdi keşfedin