မောင်ရေ...
ဘာအတွက်ကြောင့်ပဲဖြစ်ဖြစ်
ငါ့လက်ကို လွှတ်မပေးပါနဲ့နော်...
ဘဝ ဆူးခင်းလမ်းပေါ်မှာ
မင်းမပါပဲ ငါမလျှောက်ရဲတော့လို့ပါ။.
.
.
.
.
.
.
.
.
.
.နှဖူးဆံစပ်လေးတွေပေါ်တိုက်ခတ်လာသော မနက်ခင်းလေပြေ၏ ကျီစားမှုကြောင့် Baekhyun နိုးလာရသည်။ အမြင်အာရုံရှေ့တည့်တည့်က စိမ်းညို့နေသော တောင်တန်းကြီးတွေကို မျက်စိတဆုံးငေးမောနေရင်း နိုးထလာရသည့် ခံစားချက်အသစ်ကလေးကို သူမြတ်နိုးလှပါသည်။
တနေ့ကတော့ မောင်က နှဖူးပေါ် အနမ်းဖွဖွပေး၍နှိုးသည်။ မနေ့က စားဖိုဆောင်ကနေ လောလောလတ်လတ်သွားယူလာသည့် ပျားရည်စမ်းထောပတ်ပေါင်မုန့်အနံ့လေးပေးကာ နှိုးသည်။ ဒီနေ့တော့ လူကိုယ်တိုင်မနှိုးပဲ ဝရန်တာ တံခါးဖွင့်ကာ ပန်းရနံ့သင်းသောလေနုအေးတွေကို အခန်းထဲဖိတ်ခေါ်ပြီး သူ့ကိုယ်စား Baekhyun ကို အသာအယာ လှုပ်နှိုးစေခဲ့သည်။
အပေါ်ပိုင်းဗလာနဲ့ ခါးပေါ်မှာ သဘက်အဖြူရောင်တထည်သာပတ်ထားပြီး အခန်းထဲဝင်လိုက် ဝရန်တာအပြင်ပြန်ထွက်လိုက်နဲ့ မောင် တယောက်တည်း ဘာတွေအလုပ်ရှုပ်နေမှန်းမသိ။
" မောင် "
" baby လေးနိုးပြီလား။ Goodmorning နော် "
ပါးနုနုတဖက်ပေါ်ကို အလျင်အမြန်ကျရောက်လာသည့် နှုတ်ခမ်းဖူးဖူးတစုံက ချက်ချင်းဆိုသလိုဖယ်ခွာသွားပြီး ဗီရိုအနားရောက်သွားကာ အဝတ်အစားတွေတစုံပြီးတစုံ စစ်ဆေးကြည့်ရှုနေသူဟာ ဘာတွေအလျင်စလိုဖြစ်နေတာလဲဆိုတာ သူသိချင်လှသည်။
Aww...
ဒါကြောင့်ကိုးဒီနေ့ Baekhyun နဲ့အတူတူ Seoul ပြန်ပြီး Omma, Hana တို့နဲ့တွေ့ဖို့ သူကိုယ်တိုင်လိုက်ပို့ပေးမယ်လို့ မောင် ကတိပေးထားတယ်မို့လား။ အဲ့တာကြောင့် ဝတ်စားပြင်ဆင်ဖို့ ရွေးချယ်နေတာနဲ့တူပါရဲ့။
မောင်စုံစမ်းရသလောက်ဆို ပျောက်ဆုံးနေတဲ့ SWAT အဖွဲ့ဝင်တွေကို သေပြီလို့မသတ်မှတ်ပဲ လိုက်ရှာနေကြသေးတာမို့ Omma နဲ့ Hana တို့လည်း Baekhyun အသက်ရှင်ပါစေ ဆုတောင်းရင်း ကောင်းကောင်းရှိနေကြမှာပါလို့ သူယုံကြည်ထားချင်ပါသည်။
YOU ARE READING
Ashes & Flame ⛓️ RATED -M ( Z + U ) [ Season 1❤️ COMPLETED]
Fanfictionမပြိုပျက်နိုင်တဲ့ ဆူးတံတိုင်းရဲ့တဖက်တချက်စီ မှာ ကျိန်စာတွေအထပ်ထပ်သင့်စေရင်း ယှက်သွယ်ထားမိတဲ့လက်တစုံက သွေးချင်းချင်းနီနေတဲ့အခါ... တပေါက်ချင်းစိမ့်ထွက်နေတဲ့ နှလုံးသွေးစက်တွေ ငိုကြွေးနေတဲ့ သံစဉ်တခုချင်းစီက မောင့်အတွက်သာ ရည်ညွှန်းခဲ့တာပါ။ ~~ To Hades...