Sixteen 🔥 Uni

7.5K 521 59
                                    

Helatrix စံအိမ်ထဲရှိ အစည်းအဝေးခန်းထဲတွင် Alpha နဲ့အဖွဲ့ခေါင်းဆောင်များအပြင် အဖွဲ့နှင့်မသက်ဆိုင်သော တစုံတယောက်လည်းရှိနေသည်။ လက်ဝါးကပ်တိုင်ပုံပါသည့် ငွေဟန်းချိန်းကိုဆင်မြန်းကာ အလယ်ခွဲထားသော နီစွေးစွေးဆံသားတွေ၏ ပိုင်ရှင်သည် တစုံတခုကိုအကျိတ်အနယ်စဉ်းစားနေဟန်နဲ့ မျက်ခုံးကြီးနှစ်ဖက်ကို တွန့်ချိုးထားခဲ့သည်။

" Hwang သားအဖတွေကို လက်နက်မှောင်ခိုရောင်းဝယ်မှု၊ စစ်ဦးစီးချုပ်အာဏာအလွဲသုံးစားလုပ်မှု၊ နိုင်ငံတော်ပုန်ကန်မှုတွေနဲ့ တရားစွဲပစ်လိုက်တာတော့ဟုတ်တယ်။ ဒီအမှုကို မီးခိုးကြွက်လျှောက် လိုက်ကြရင် Inferno နဲ့ Xerodox ဖက်ကို ဦးတည်လာဖို့ဖြစ်နိုင်ချေလည်းရှိသေးတယ် "

" Jekyll..ခင်များပြောတော့ ကျနော်တို့ ဂိုဏ်း၂ခုနဲ့ ပတ်သက်တဲ့ အပေးအယူ file တွေကို ဖျက်ဆီးပြီးမှ Data တွေ ရဲလက်အပ်လိုက်တာပါဆို။ အခုက ဘယ်လိုဖြစ်ရပြန်တာလဲ "

သုန်မှုန်နေသည့် Alpha က မျက်တွင်းဟောက်ပက်ကြီးဖြစ်နေတာမို့ Inferno အတွက်ရတက်မအေးဖြစ်ပြီး အိပ်ရေးပျက်နေတယ်လို့အထင်မှားနေကြတဲ့ ကျန်လူများလည်းမျက်နှာမကောင်းပေ။ ညညဆို စခန်းကခိုးထွက်ပြီး သူ့အသည်းတုံးလေးကို တပတ်နှစ်ကြိမ်လောက် သွားရောက် ဖူးမျှော်ရှုစားနေတဲ့အကြောင်းတွေကို Severus ကလွဲပြီး မသိကြဘူးဆိုတော့ စွရမ်းတွေသနားဖို့ကောင်းနေတာပေါ့လေ။

" File တွေကဖျက်ဆီးထားတာတော့ဟုတ်ပေမယ့် တရားရုံးရောက်ပြီးစစ်မေးတဲ့အချိန်ကျမှ အကျင့်ယုတ်ပြီး ထုတ်ပြောလိုက်တာမျိုးဆိုရင် ရဲတွေကဒီအတိုင်းနေမယ်မထင်ဘူး။ ရာထူးကြီးတဲ့ကောင်တွေကို ကျွေးမွေးပေးကမ်းထားတယ်ဆိုပေမယ့် ဒီအမှုကခပ်ကြီးကြီးဆိုတော့... ကျနော်တို့အားလုံး စုံစမ်းစစ်ဆေးခံရဖို့များတယ်...အဲ့တာကြောင့် .. "

စားပွဲပေါ်ပစ်တင်လိုက်သည့် အမဲရောင် အိတ်ကြီးတလုံးကို စူးစိုက်ကြည့်မိတဲ့အခါ ဇစ်ဖွင့်လိုက်သူက စာရွက်စာတမ်းတထပ်ကြီးထုတ်ပြလာသည်။

" Inferno နဲ့ Xerodox တို့ရဲ့ လုပ်ငန်းဆောင်တာတွေခနရပ်ပြီး Phoenix ကျောက်မျက်လုပ်ငန်း နဲ့ Zing ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဆိုပြီး ခနလောက်တော့ ပုံပြောင်းထားရမယ်နဲ့တူတယ် "

Ashes & Flame ⛓️ RATED -M  ( Z + U ) [ Season 1❤️ COMPLETED]Tempat cerita menjadi hidup. Temukan sekarang