Seventeen 🔥 Z+U

8.4K 828 322
                                    

မြူနှင်းတချို့ ရစ်ဝဲနေသော မနက်ဝေလီဝေလင်းအချိန်....

Seoul မြို့စွန်ရှိ လေယာဉ်ပြေးလမ်းပေါ်တွင် အနက်ရောင်မှန်ဖြင့်ပိတ်ထားသော မာစီးဒီးကား သုံးစီး ဆိုက်ရောက်လာသည်။ ကားပေါ်ကဆင်းလာသူတွေအနက် အထင်ရှားဆုံးမှာ မိုးထိုးနေသောအရပ်ရှိသည့် ချောချောလှလှ တရုတ်ကြီးတယောက်ဖြစ်သည်။

နက်မှောင်နေသော Suit ကြီးဝတ်ထားပြီး နေကာမျက်မှန်တပ်ကာ လန်းချင်တိုင်းလန်းနေသော တရုတ်ကြီးကိုမြင်ရသည့် လေယာဉ်မယ်လေးများမှာ လေယာဉ်ပြတင်းပေါက်မှ မျက်တောင်မခတ်တမ်း ငေးကြည့်နေမည်ဟု ထင်လျှင် တက်တက်စင်အောင်လွဲမှားပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဤကိုယ်ပိုင်လေယာဉ်ကို ဝယ်ယူထားသော Jekyll ဆိုသည့် ဘိန်းရာဇာကြီးမှာ သူ့တရုတ်ကြီးကို အကြာကြီးငေးကြည့်တတ်သည့် မည်သူ့ကိုမဆို မျက်လုံးဖောက်ပစ်တတ်သည်ဟု သတင်းကြီးသောကြောင့်ပင်။

သို့ရာတွင် လောင်ချာသေနတ်တလက်၏မှန်ပြောင်းနောက်မှ လေယာဉ်ကွင်းကို စူးစိုက်ကြည့်နေသော မျက်ဝန်းလှလှတစုံတွင် အကြောက်တရားတို့ ပျော်ဝင်နေခြင်းမရှိချေ။

" ထင်တဲ့အတိုင်း အစောကြီးထွက်လာတာပဲ "

သေနတ်ကို သေချာငြိမ်မငြိမ်စစ်ဆေးပြီး အနားမှာချထားသည့် ကော်ဖီခွက်ကို Haesoo ယူသောက်သည်။ ရင်းနှီးပြီးသားအရသာမဟုတ်လို့ စိတ်ပျက်လက်ပျက်နဲ့ နီးရာအမှိုက်ပုံးထဲသာ ပစ်ထည့်လိုက်သည်။ ကော်ဖီသောက်တိုင်းမှာ သွေးကြောထဲထိပျံ့နှံ့စီးဝင်လာသလို ခံစားချက်လေးကို ပေးစွမ်းနိုင်သူက Haesoo ဘဝတွင် Hana တယောက်တည်းသာ ရှိပါလိမ့်မည်။

" သူများချစ်ခြင်းကို မခွဲချင်ပေမယ့် အမိန့်ဆိုတော့လည်း... "

Haesoo တောင်မှ ရက်နည်းနည်းလေးအတွင်းမှာ Hana မျက်နှာလေးမတွေ့ရလို့ နေမထိထိုင်မသာဖြစ်ရတဲ့ဟာ... နောက်ထပ်မိနစ်ပိုင်းလေးမှာ သေကွဲ ကွဲရတော့မယ့် ချစ်သူစုံတွဲကို အဝေးတနေရာက ကြည့်ပြီး သက်ပြင်းကြီးတွေ ခနခနမှုတ်ထုတ်နေရသည်။

Haesoo ဘာမှမလုပ်ပဲပြန်သွားရင် Hades သတ်တော့မှာ...

သေတာအရေးမကြီးဘူး။
သူ တလတခါထောက်ပံ့နေတဲ့ မိဘမဲ့ကျောင်းလေးတွေက သူ့အလှူငွေမရတော့တဲ့အခါ ခက်ခဲကျပ်တည်းသွားလေမလား။

Ashes & Flame ⛓️ RATED -M  ( Z + U ) [ Season 1❤️ COMPLETED]Tempat cerita menjadi hidup. Temukan sekarang