သေနတ်ပစ်ရင်အသံမထွက်စေတဲ့ Silencer တွေတပ်ထားသည့် သေနတ်အတိုအရှည်မျိုးစုံနဲ့ ကျည်ကဒ်တွေကို အိတ်အနက်ရောင်ထဲ အပြည့်ထည့်ပေးနေသော Jason ကို Minseok မှာ မျက်လုံးလေးတွေ ဝိုင်းကာ စိုက်ကြည့်နေလေသည်။
အခုရောက်နေတာက Inferno ရဲ့ အဓိကလက်နက်ခန်းကြီးမို့ တသက်နဲ့တကိုယ် မမြင်ဖူးတဲ့လက်နက်အဆန်းအပြားတွေအများအပြားတွေ့နေရသူ Minseok မှာ လက်နက်ကျွမ်းကျင်ပညာရှင်ကြီးလဲဖြစ်...Inferno ထဲက လက်အဖြောင့်ဆုံး Sniper ကြီးလည်းဖြစ်သော Jason ရဲ့ လက်နက်တခုချင်းစီအကြောင်းသေချာရှင်းပြနေသော တော်ကီတွေထဲမှာ ပက်လက်ကြီးမျောနေရင်း ဘယ်ကနေဘယ်လိုလက်ထဲထည့်ပေးလိုက်မှန်းမသိသော သေနတ်အိတ်ကြီးကိုလည်း ကိုင်ထားရသေးသည်။
မဟုတ်သေးပါဘူး..ဒီည Mission က Hwang အိမ်တော်ကိုဖောက်ထွင်းဖို့ပဲလေ..ဘာလို့များ မင်ဆော့တို့ သုံးယောက်သားကို သေနတ်တွေအများကြီးထည့်ပေးနေရတာတုန်း..
" လက်ပစ်ဗုံးယူဦးမလား...တခုလောက်တော့ ဆောင်သွားလေ..လိုလိုမယ်မယ်ပေါ့ "
" ဟာာ... စစ်တိုက်ထွက်မှာလဲမဟုတ်ပဲနဲ့ ဘာလက်ပစ်ဗုံးလဲ...မယူဘူး။ ဒီသေနတ်တွေလဲ အကုန်ထားခဲ့မှာ..မေ့ဆေးသေနတ်လောက်ပဲ ယူသွားမယ် "
အိတ်ကိုခုံပေါ်ပြန်ချလိုက်တော့ မျက်မှန်ကြီးတကားကားနဲ့ လက်ပစ်ဗုံးတွေရွေးနေတဲ့ Jason က မင်ဆော့ဖက်လှည့်ပြီး မျက်လုံးပြူးကြည့်သည်။
" အားဝဲးးး
ဟိုကောင်တွေက မေ့ဆေးသေနတ်နဲ့စောင့်နေမှာမဟုတ်ဘူးနော်.. တွေ့တာနဲ့ပစ်သတ်လိုက်မှာ..ဘာမှတ်လဲ "" အေး..ငါလဲ လူသတ်ဖို့သွားတာမဟုတ်ဘူးကွ... မီးခံသေတ္တာထဲကစာရွက်စာတမ်းလေးတွေခိုးရုံပဲ "
" ဘာပဲလုပ်လုပ် လက်ထဲမှာသေနတ်လေးဆောင်သွားတော့လည်း အကျိုးယုတ်တာမှမဟုတ်တာ..ကွကိုယ်ကာကွယ်လို့ရတာပေါ့ ဘေဘီလုံးလေးရဲ့ ... "
လာပြီ...သူချော့ပြောလို့မှမနိုင်ရင် ဆယ်နှစ်စာ ရုံးပတီသီး Diet လုပ်ထားတဲ့အသံနဲ့ မင်ဆော့ကို ဘေဘီလုံးတို့ ပေါက်စီလုံးတို့ခေါ်ခေါ်ပြီး သူ့စကားနားထောင်အောင် အချွဲစခန်းဖွင့်နေကျလူကြီးဟာ ဒီသေနတ်ထုပ်ကြီးကို သယ်မသွားမချင်း လက်နက်ခန်းထဲက ထွက်ခိုင်းတော့မှာမဟုတ်ဘူးထင်ရဲ့။
![](https://img.wattpad.com/cover/201189711-288-k732019.jpg)
YOU ARE READING
Ashes & Flame ⛓️ RATED -M ( Z + U ) [ Season 1❤️ COMPLETED]
Fanfictionမပြိုပျက်နိုင်တဲ့ ဆူးတံတိုင်းရဲ့တဖက်တချက်စီ မှာ ကျိန်စာတွေအထပ်ထပ်သင့်စေရင်း ယှက်သွယ်ထားမိတဲ့လက်တစုံက သွေးချင်းချင်းနီနေတဲ့အခါ... တပေါက်ချင်းစိမ့်ထွက်နေတဲ့ နှလုံးသွေးစက်တွေ ငိုကြွေးနေတဲ့ သံစဉ်တခုချင်းစီက မောင့်အတွက်သာ ရည်ညွှန်းခဲ့တာပါ။ ~~ To Hades...