One 🔥(Z & U)

36.4K 1.5K 313
                                    


မိုးတွေ သည်းသည်းမည်းမည်းရွာတဲ့တနေ့မှာ
မောင်နဲ့ စတွေ့တယ်။

ကောင်းသောတွေ့ဆုံခြင်းမဟုတ်ခဲ့ပေမယ့်

ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာမီးတောက်မီးလျှံတွေကြားထဲမှာ မောင်နဲ့အတူ ငါကျဆုံးပေးဖို့ အဆင်သင့်ပါပဲ။

~~ Raven ~~

.
.
.
.
.
.
.
.
.
.
.
.( 2019 Jan 9 ) Present Day
.
.
.
.
.
.
.

ည နှစ်နာရီ

လူတွေအိပ်မောကျနေချိန်မို့ပတ်ဝန်းကျင်တခုလုံးတိတ်ဆိတ်နေသော်လည်း ဂျူဆန်းမြို့ပြင်ရှိ ပစ္စည်းသိုလှောင်ရာဂိုထောင်တခုထဲမှာတော့ တဖျတ်ဖျတ်လက်သည့် သေနတ်ပြောင်းဝက ထွက်သော ကျည်ဆံ တွေကြားမှာ အော်ဟစ်ပြေးလွှားကာ တဦးနဲ့တဦး သူနိုင်ကိုယ်နိုင်ပစ်ခတ်ဖောက်ခွဲမှုများ တရစပ်ဖြစ်ပွားလျက်ရှိသည်။

" လက်ပစ်ဗုံး !! "

သေနတ်သံတွေဆူညံနေတဲ့ကြားက သူ့နားထဲယဉ်ပါးနေပြီးသားအသံကြောင့် အသံအိုး နဲ့ ခြေလက်တွေကို ဆဌမအာရုံက တပြိုင်နက်လှုပ်ရှားပေးသွားတဲ့အခါ စည်ပိုင်းတွေနောက်မှာ လူတကိုယ်လုံးအကာအကွယ်ယူပြီးသား...

" ဒုန်း !!!! "

" အားးးး "

သူ့လောက်ကံမကောင်းခဲ့ရှာသော ရဲဘော်ရဲဘက်တွေရဲ့ သေကောင်းပေါင်းလဲအော်ဟစ်မြည်တမ်းသံတွေကြားမှာ တသက်လုံးရင်းနှီးလာတဲ့နာနာကျင်ကျင်အော်ညည်းသံတခုကြားမိတဲ့အခါ ရင်ခုန်သံတွေတိခနဲရပ်သွားသလိုပင်။

" Jongin naaa !! "

ယိုင်နဲ့နဲ့ခြေလှမ်းတွေနဲ့ မီးခိုးဖုန်မှုန့်တွေကြားတိုးဝင်လိုက်တဲ့အချိန် လက်မောင်းတဖက်က ပူခနဲနာကျင်မှုကြောင့် ကျည်ဆံလာရာကိုမော့ကြည့်တော့ ကိုယ်နဲ့ယူနီဖောင်းတူတဲ့သူကကိုယ့်ကိုပြန်ပစ်နေတာသိလိုက်ပြီ။

" Shitt !! "

ချောင်အကွယ်တခုရောက်အောင်ပြေးနေရင်း ကောင်းတဲ့လက်နဲ့သေနတ်မောင်းကိုတချက်ပြီးတချက်ဆွဲနေပေမယ့် ပစ်မှတ်ကိုမထိသေး။

" ကလစ် ! "

သေနေ့စေ့ပြီလို့ မသိမသာပြောလိုက်သော ကျည်ကုန်သွားတဲ့ သေနတ်မောင်းဆွဲသံလေးက သူ့နားထဲ ခါးသက်စွာဝင်ရောက်သွားချိန်မှာ တဖက်လူရဲ့ သေနတ်လေဆာပွိုင့်အနီရောင်ကလည်းသူ့နဖူးအလယ်တည်တည့်မှာချိန်ရက်သား...

Ashes & Flame ⛓️ RATED -M  ( Z + U ) [ Season 1❤️ COMPLETED]Donde viven las historias. Descúbrelo ahora