Honey...
ရှေ့ဆက်ဖြစ်လာမယ့်အရာတွေအတွက် မောင် စိတ်မကောင်းပါဘူး။
ဒါပေမယ့် အရင်တချိန်က Honey အပေါ် မောင်ကျူးလွန်ခဲ့သမျှအပြစ်တွေအားလုံးက မင်းဘာသာဖန်တီးယူခဲ့တာမို့
တောင်းပန်စကားကြားရလိမ့်မယ်လို့တော့ မမျှော်လင့်ပါနဲ့ Honey...
.
.
.
.
.
.
.
.
.
.
.
.
.
.
,
,
.
.
.
.
.
.( 2009 ) လွန်ခဲ့သော ဆယ်နှစ်
.တံခါးဖွင့်ဝင်သွားလိုက်တဲ့နောက် ၀ယ်လာတဲ့မုန့်ထုပ်ကို ကောက်ရိုးထုံးတခုပေါ်ပစ်တင်လိုက်ပြီး မိုးကာအကျီင်္နဲ့အပေါ်ဝတ်အကျီင်္တထပ်ကိုချွတ်လိုက်တဲ့အခါ ဒီနေ့မနက်မှ Baekhyun ပေးထားတဲ့ခဲရောင်အနွေးထည်အသစ်လေးက သူ့လက်ထဲအလိုက်သင့်ပါလာခဲ့သည်။
Tsk..
ကိုယ့်ကို အစားအသောက် အ၀တ်အစားပေးကမ်းထားတဲ့ သူ...ပြောရရင် ကိုယ့်အပေါ်ကျေးဇူးပြုထားတဲ့သူကိုမှ လူသူမနီးတဲ့ ဒီလိုနေရာကြီးထဲကို ပြန်ပေးဆွဲလာခဲ့ရတဲ့ အဖြစ်က Appa သာ အသက်ရှင်နေတုန်းပဲဆိုရင် သေကောင်ပေါင်းလဲ အဆူခံအရိုက်ခံရမယ့် အခြေအနေမှာရှိတယ်။
မိဘမရှိလို့ ဆိုးသွမ်းလာတယ်ပြောရအောင်လည်း ဒီလိုဖြစ်လာရတာတွေအတွက် သူ့မှာအကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိနေခဲ့တာမို့ တကယ်လို့များတမလွန်ကိုရောက်လို့ မိဘတွေနဲ့တွေ့တဲ့အခါ သူ့လိပ်ပြာသူလုံနေမှာပဲဖြစ်သည်။
နာရီကိုကြည့်လိုက်တော့ ည ၆ နာရီ။
မနက် ၁၀ နာရီကျော်ကတည်းက ရွာလိုက်တဲ့မိုးက တခါတလေခပ်ဖွဲဖွဲ.. တခါတလေသည်းသည်းထန်ထန်ရွာခဲ့ပြီးတာတောင်မှ အခုထိကောင်းကောင်းမတိတ်နိုင်သေးဘူး။
ဒါကြောင့်လည်း Byun အိမ်တော်ကသခင်လေးကို ပြန်ပေးဆွဲသွားတယ်လို့ သံသယဖြစ်ဖို့အကောင်းဆုံး Park Chanyeol ဆိုတဲ့ကောင်လေးကို လူတွေလိုက်ရှာနေကြမှန်းသူသိတာတောင် ဒီမြို့ကလမ်းကြိုလမ်းကြားတွေထဲ မိုးရိပ်ခိုရင်း ၀ိဥာဉ်တကောင်လို ဖြတ်သန်းသွားလာလို့ရခဲ့တာပေါ့။
Baekhyun အိပ်နေတဲ့နားက မီးပုံလေးဟာ မီးစာကုန်ခါနီးနေတော့ မှိန်ဖျောဖျော့လေးဖြစ်နေပြီမို့ဂိုထောင်ထောင့်နားက သစ်သားခုံအကျိုးအပဲ့တွေယူပြီး မီးပုံထဲထည့်လိုက်သည်။
![](https://img.wattpad.com/cover/201189711-288-k732019.jpg)
ŞİMDİ OKUDUĞUN
Ashes & Flame ⛓️ RATED -M ( Z + U ) [ Season 1❤️ COMPLETED]
Hayran Kurguမပြိုပျက်နိုင်တဲ့ ဆူးတံတိုင်းရဲ့တဖက်တချက်စီ မှာ ကျိန်စာတွေအထပ်ထပ်သင့်စေရင်း ယှက်သွယ်ထားမိတဲ့လက်တစုံက သွေးချင်းချင်းနီနေတဲ့အခါ... တပေါက်ချင်းစိမ့်ထွက်နေတဲ့ နှလုံးသွေးစက်တွေ ငိုကြွေးနေတဲ့ သံစဉ်တခုချင်းစီက မောင့်အတွက်သာ ရည်ညွှန်းခဲ့တာပါ။ ~~ To Hades...