Four 🔥(Z & U)

17.8K 1K 439
                                    

Warning ကြီးကြီးပေးပါတယ် 🔞

ပေးလည်းဖတ်မှာပဲမလား သိတယ် 😂

'>>>>><<<<<<>>>><<<
<<<>>>><>>>>>>
>>>>><<<>>>
<<<>><>>>
<<<>>>

အနက်ရောင်နဲ့ မဟော်ဂနီရောင်ရောယှက်ထားသော ခမ်းနားကြီးကျယ်လွန်းသည့် လှေကားပေါ်ကဆင်းလာတဲ့ Suit အမဲရောင်ဝတ် Chanyeol နဲ့ Hoodie အဖြူဝတ်ထားသူ Baekhyun တို့ကို ဧည့်ခန်းထဲကလူတချို့က တချက်မော့ကြည့်ပြီး ထိုင်ရာကမထ အရိုအသေလည်းမပေးပဲ အေးအေးလူလူပင်နေကြသည်။

ဒါကိုကြည့်ခြင်းအားဖြင့် ဒီလူတွေဟာ Park Chanyeol တဖြစ်လဲ ခေါင်းဆောင် Hades ရဲ့ လက်အောက်ငယ်သားတွေမဟုတ်ပဲ မိတ်ဆွေသူငယ်ချင်းတွေလား...သူနဲ့ Level တူ...ဒါမှမဟုတ် သူ့ထက် Level မြင့်တဲ့ Mafia တွေလားဆိုတာကို Baekhyun တယောက် သိချင်ပေမယ့်လည်း ဦးနှောက်က ငြင်းပယ်နေတာကြောင့် ခေါင်းထဲကထုတ်ပစ်လိုက်သည်။

လှေကားကနေတလှမ်းချင်းဆင်းလာပြီး ကြမ်းပြင်ပေါ်ခြေချလိုက်တော့မှ မူးဝေနောက်ကျိနေတဲ့ စိတ်တွေကြည်လင်လာတာမို့ လူတယောက်စီရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရတော့သည်။
ဒါပေမယ့် Baekhyun အတွက်တော့ အကုန်လုံးဟာ မျက်နှာစိမ်းတွေချည်း။

" Honey ဒီမှာထိုင် "

နှစ်ယောက်ထိုင် ဆိုဖာတလုံးပေါ်ဝင်ထိုင်လိုက်တော့ မျက်စိရှေ့ကိုရောက်လာသည့် Pizza ပန်းကန်နဲ့ မုန့်မျိုးစုံက ဆာနေတဲ့ ဗိုက်ကို ဂွီခနဲထမြည်သွားစေသည်။

သူ ဘာမှမစားရတာ ၂၄နာရီတောင်ကျော်ပြီထင်ရဲ့။ မုန်းတဲ့လူနဲ့အတူရှိနေရတဲ့ ခံစားချက်ကြောင့် ဗိုက်ဆာဖို့တောင်မေ့သွားခဲ့တာဖြစ်ရမယ်။

မုန်းတဲ့သူဆိုတာ ဘယ်သူလဲ။

Chan... Chanyeol လား။

သူ့ကို ကျနော်မုန်းနေတယ်... ဘာလို့လဲ။

အာ... ဟိုကိစ္စ...
သူကျနော့ကို အဲ့လိုလုပ်ခဲ့လို့မုန်းတာ။
Appa ကိုလည်း သူသတ်ခဲ့တာမဟုတ်လား။

သူ့ကိုမုန်းချင်တယ်။ သတ်ပစ်ချင်တယ်။ ဒဏ်ရာတွေအများကြီးပေးပြီး သေမတတ်ခံစားစေချင်ခဲ့တယ်လေ။

Ashes & Flame ⛓️ RATED -M  ( Z + U ) [ Season 1❤️ COMPLETED]Where stories live. Discover now