အထက်တန်းကျောင်းလေးတခုနဲ့ မလှမ်းမကမ်းမှာ ဖွင့်ထားသည့် ကော်ဖီဆိုင်လေးကို မနက်ခင်းနေရောင်ခြည်အောက်တွင် ရောင်စုံပွင့်လန်းနေသော ပန်းပင်လေးများကြားမှာ သေသပ်လှပစွာ တွေ့မြင်ရမည်ဖြစ်သည်။
ဆိုင်မဖွင့်ခင် စားပွဲဝိုင်းတချို့နေရာချရာမှာ ကူညီပြီးတဲ့နောက် မနက် ၉ နာရီထိုးလို့ Baekhyun တို့သားအမိတွေနဲ့ အတူဆိုင်ဖွင့်ပြီးတာနဲ့ Go Haesoo အမည်ခံ Inferno ၏ လက်ရွေးစင်တိုက်ခိုက်ရေးသမား Lilian အတွက် တနေ့လုံးနေလို့ လုပ်စရာအလုပ်တခုသာရှိတော့သည်။ Baekhyun အော်ဒါလက်ခံနေတဲ့ကောင်တာနားက စားပွဲမှာ Laptop တလုံးဖွင့်ပြီး CCTV (၅)လုံးကို မျက်ခြေမပြတ်တမ်းစစ်ဆေးနေရင်း Baekhyun ရဲ့ လုံခြုံရေးကိုပါ တပြိုင်နက်တာဝန်ယူထားရခြင်းပင်...
" အိုနီးအတွက် ကော်ဖီနဲ့ သီးစုံပေါင်မုန့်.."
မနက်တိုင်း Haesoo အတွက် Hana ဖျော်ပေးလေ့ရှိသော Mocha ကော်ဖီရနံ့လေးကြောင့် CCTV မြင်ကွင်းတွေထဲ အာရုံစိုက်ထားရာက အပြုံးလေးတစနဲ့ အပေါ်မော့ကြည့်မိသည်။
နှလုံးခွဲစိတ်ပြီးဆေးရုံကဆင်းတာသိပ်မကြာသေးပေမယ့် အိမ်မှာတယောက်ထဲမနေချင်ဘူးဆိုပြီး မိသားစုကော်ဖီဆိုင်လေးမှာ လာကူညီပေးနေတဲ့ Byun Hana လေးက Baekhyun ကို စောင့်ရှောက်ပေးနေရသည့် သုံးပတ်တာအချိန်လေးမှာ အနှစ်နှစ်ဆယ်ကျော်အေးခဲနေခဲ့သော Haesoo ရဲ့ နှလုံးသားကို နွေးထွေးစေခဲ့သည့် ပထမဆုံးသူပင်။
" အင်း..ဂိုမားဝေါ...
ဘာကူပေးရဦးမလဲ Hana "" ရတယ်... အိုနီး လိုအပ်တာရှိရင်ပြော..Hana က ဘာမှသိပ်လုပ်စရာမရှိဘူး။ အထဲမှာကူရုံပဲ "
သူ့အစ်ကို Baekhyun နဲ့ တစ်ရုပ်တည်းနီးပါးဆင်တူသော လခြမ်းကွေးပုံ မျက်လုံးမှေးလေးတွေရဲ့ပိုင်ရှင်က နှုတ်ခမ်းပါးလေးတွေ ကော့တက်သွားတဲ့အထိပြုံးပြလာသည်။
ကျောလည်အထိရှည်ကျနေသည့် ချောကလက်ရောင် ဆံသားတွေကို ပုဝါစလေးနဲ့စည်းနှောင်လို့ ပုခုံးတဖက်ပေါ်ချထားပြီ အဖြူနဲ့အညိုစပ် ဆိုင်ယူနီဖောင်းလေးနဲ့ အတွင်းခန်းထဲဝင်သွားသူ Hana ဆီကနေ ကောင်တာမှာ အော်ဒါလက်ခံနေသည့် သူ့အစ်ကို Baekhyun ရှိရာသို့ Haesoo အာရုံတွေပြောင်းရွှေ့လိုက်သည်။
![](https://img.wattpad.com/cover/201189711-288-k732019.jpg)
YOU ARE READING
Ashes & Flame ⛓️ RATED -M ( Z + U ) [ Season 1❤️ COMPLETED]
Fanfictionမပြိုပျက်နိုင်တဲ့ ဆူးတံတိုင်းရဲ့တဖက်တချက်စီ မှာ ကျိန်စာတွေအထပ်ထပ်သင့်စေရင်း ယှက်သွယ်ထားမိတဲ့လက်တစုံက သွေးချင်းချင်းနီနေတဲ့အခါ... တပေါက်ချင်းစိမ့်ထွက်နေတဲ့ နှလုံးသွေးစက်တွေ ငိုကြွေးနေတဲ့ သံစဉ်တခုချင်းစီက မောင့်အတွက်သာ ရည်ညွှန်းခဲ့တာပါ။ ~~ To Hades...