Twelve 🔥Uni

9.7K 444 37
                                    

This chapter contains pure smut scenes...🔞🔞🔞

So.....

Enjoy ! 😁😁😁

.
.
.
.
.
.
.
.
.
.

VIP လူနာများသာ ကုသသော နာမည်ကြီးဆေးရုံတစ်ခု၏ သားဖွားမီးယပ်ဌာနတွင်ဖြစ်သည်။

အစိမ်းနုရောင် အခန်းတံခါးလေးပွင့်လာပြီး အနွေးထည်အဖြူနဲ့ ဘောင်းဘီအနက်ဝတ်ထားသူတယောက် က ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းရင်း အခန်းထဲမှ ထွက်လာသည်။ Mask အမဲရောင်နဲ့ ဖုံးအုပ်ထားသော်လည်း လစ်လပ်နေသော မျက်ဝန်းတဝိုက်ဆီက ဖြူလွကြည်လင်သော အသားအရေတစွန်းတစကို ဖြတ်သွားဖြတ်လာ သူနာပြုလေးများက သတိထားမိဟန်နှင့် လည်ပြန်လှည့်ကြည့်သွားကြသည်။

အခန်းနဲ့ မနီးမဝေးခုံမှာလည်း Suit နက်ပြာရောင်ဝမ်းဆက်နဲ့ mask အမဲတပ်ထားသူတဦးက ခြေထောက်ချိတ်ထိုင်ရင်း Ipad ကိုကြည့်ကာ စောင့်နေသည်။  ထိုသူ၏ နောက်လိုက်များဖြစ်ဟန်ရှိသော အနောက်တိုင်းဝတ်စုံဝတ် လူသုံးလေးဦးက ဆက်သွယ်ရေးကိရိယာများ နားမှာတပ်ဆင်၍ သတိအနေအထားနဲ့ ရှိနေကြသည်။ ၄င်းတို့ထဲက နှစ်ဦးမှာတော့ အခန်းထဲကထွက်လာသူဆီသို့လျှောက်သွားကာ ဂါရဝပြုကြသည်။

" ပြန်မယ် "

" Nae !! "

အမိန့်သံမစွက်သော စေခိုင်းမှုကြောင့် ကားသွားယူသူကယူ၊ VIP နှစ်ယောက် အပြင်ထွက်ဖို့ လမ်းရှင်းပေးသူကပေးနဲ့ အရပ်ဆယ်မျက်နှာကိုလည်း သတိမလပ်အောင်စောင့်ကြည့်နေကြသူများရဲ့ အတွင်းအိတ်ကပ်ထဲမှာ အနည်းဆုံးပစ္စတိုနှစ်လက်စီပါလာလိမ့်မည်ဖြစ်ကြောင်းကို Cashier မှ ကောင်မလေးတွေက ကြောက်လန့်တကြားမျက်ဝန်းလေးတွေနဲ့ အချင်းချင်းတီးတိုးပြောနေကြသည်။

သိပ်မကြာခင်မှာတော့ ကားအနက်ရောင်နှစ်စီးက ဆိုးလ်မြို့ရဲ့လမ်းမများပေါ်တရိပ်ရိပ်ပြေးနေခဲ့သည်။ ရှေ့ခန်းမှာထိုင်လိုက်လာသော Jason က နောက်ခန်းမှာ mask မဖြုတ်သေးပဲ မျက်လုံးစုံမှိတ်ပြီး လိုက်ပါလာသော Baekhyun ကို လှည့်ကြည့်သည်။ ဆေးစစ်ချက် အခြေအနေဘယ်လိုလဲဆိုတာ မေးဖို့အတွက် စိတ်ထဲမှာ တွန့်ဆုတ်နေရသည်။

တခုခုမေးဟန်ပြင်ပြီးမှ အရှေ့ပြန်လှည့်သွားသော Jason ကို မျက်ဝန်းထောင့်ကမြင်လိုက်ပေမယ့် Baekhyun စကားပြောချင်စိတ်မရှိ။ စခန်းကထွက်ပြီး ဆေးရုံလာပြတာမို့ သူ့အပေါ် အန္တရာယ်တစုံတရာမကျရောက်လေအောင် Alpha ရဲ့ လက်ရွေးစင်တပည့်ငါးယောက်နဲ့အတူ Jason ကိုထည့်ပေးလိုက်ခြင်းဖြစ်သည်။ ဆရာဝန်တယောက်ဖြစ်တဲ့ Jason က သူ့အခြေအနေကို သိချင်မှာသေချာတယ်။ ဒါပေမယ့် သူမှမပြောချင်သေးတာလေ။

Ashes & Flame ⛓️ RATED -M  ( Z + U ) [ Season 1❤️ COMPLETED]Where stories live. Discover now