" အာပါး "
နားဖျားကိုမသိမသာရိုက်ခတ်သွားသည့် အသံစာစာလေးကြောင့် Baekhyun မျက်လုံးတွေပွင့်လာသည်။ အမြင်အာရုံထဲဝင်လာသည့် ကြည်လဲ့ပြာလွင်သောကောင်းကင်ယံထက်မှာ အဖြူရောင်ငှက်ငယ်လေးတချို့ပျံသန်းနေကြသည်။
" အာပါးးးးရေးးး
ဟားး ဟားးး "" ဖမ်းလေ...မိအောင်ဖမ်းစမ်းပါ...
ခ်ခ် !! "ရယ်သံချိုလွင်လွင်တို့ကြောင့် အသံပိုင်ရှင်က တယာက်တည်းမဟုတ်မှန်းသူသတိထားမိသည်။ အမည်မသိသော ပန်းရောင်စုံတို့ပွင်လန်းရာ အရပ်မှလှမ်းမျှော်ကြည့်လျှင် စိမ်းစိုနေသောမြက်ခင်းပြင်ကိုဖြတ်၍ ပြေးလွှားဆော့ကစားနေကြသော လေးငါးနှစ်အရွယ်ကလေးနှစ်ယောက်က အပြာနုရောင်နဲ့ အဝါရောင်အဝတ်အစားလေးတွေ ကိုယ်စီဝတ်ဆင်ထားကြသည်။ ဆံသားပျော့ပျော့လေးတွေက ခြေတချက်လှမ်းတိုင်းမှာ ချစ်စရာကောင်းစွာဝေ့ဝဲနေကြသလို ဖြူဖွေးတုတ်ခဲနေသည့် ခြေလက်ကလေးတွေက ဖျစ်ညှစ်ချင်စရာကောင်းလွန်းနေသည်။
" သားတို့ရေ !! "
" ဟော...အာပါးခေါ်နေပြီ...
တော်ပြီ..မပြေးတော့ဘူးဆို...
Yahh !!!"" သိပူး...မင်းကိုမိသွားပြီဆိုတော့ ငါနိုင်တယ်..
"" သူပဲ အမြဲတမ်းအနိုင်လိုချင်နေတယ်...ဟွန့် "
ကိုယ့်ပါးစပ်ကထွက်သွားသည့် "သားတို့ရေ " ဆိုသောအသံကို ကိုယ်တိုင်မယုံကြည်နိုင်သူ Baekhyun မှာ အပြေးပြေးအလွှားလွှားနဲ့သူ့ရှေ့ရောက်လာသောကလေးနှစ်ယောက်ကို မျက်လုံးပြူးကြည့်ကာ ရင်ဘတ်လေးတဖိဖိနဲ့ ဘာဆက်ပြောရမှန်းမသိ။
" မောလိုက်တာအာပါးရာ...
ခနနားဦးမယ် "" ပါပါးရော...ပါပါး ဘယ်မှာလဲ "
မြက်ခင်းပေါ်ထိုင်ချလိုက်တော့ Baekhyun ပေါင်ပေါ်တက်လာပြီး ရင်ဘတ်ထဲခေါင်းမှီထားတဲ့ အဝါရောင်ကလေးလေးက သူ့ခါးကို လက်ပုစိလေးတွေနဲ့ ဖက်ထားပြီး ဟောဟဲသံလေးတွေထွက်နေသည်။ နှဖူးဆံစပ်လေးနားက ချွေးစက်တချို့ဖယ်ရှားပေးလိုက်တော့ ပြုံးပြီးမော့ကြည့်လိုက်သူလေးမှာ Baekhyun နဲ့တူသည့် လခြမ်းကွေးမျက်လုံးလေးတွေနဲ့ နှုတ်ခမ်းပါးလေးတွေ....ပြီးတော့ ပါးဖောင်းဖောင်းလေးထက်မှာ ပါးချိုင့်နက်နက်ကလေးနှစ်ဖက်နဲ့..
BẠN ĐANG ĐỌC
Ashes & Flame ⛓️ RATED -M ( Z + U ) [ Season 1❤️ COMPLETED]
Fanfictionမပြိုပျက်နိုင်တဲ့ ဆူးတံတိုင်းရဲ့တဖက်တချက်စီ မှာ ကျိန်စာတွေအထပ်ထပ်သင့်စေရင်း ယှက်သွယ်ထားမိတဲ့လက်တစုံက သွေးချင်းချင်းနီနေတဲ့အခါ... တပေါက်ချင်းစိမ့်ထွက်နေတဲ့ နှလုံးသွေးစက်တွေ ငိုကြွေးနေတဲ့ သံစဉ်တခုချင်းစီက မောင့်အတွက်သာ ရည်ညွှန်းခဲ့တာပါ။ ~~ To Hades...