Eleven 🔥 Uni

6.9K 449 74
                                    

လမိုက်ည သန်းခေါင်ယံအချိန်...

အိတ်အရှည်တလုံးထဲမှ နက်မှောင်နေသော သေနတ်အစိတ်အပိုင်းတို့ တခုချင်းစီထုတ်ယူကာ ချစ်ရသူတဦးကဲ့သို့ ဂရုတစိုက်ယူငင်တပ်ဆင်ရင်း တောင်ကုန်းလေးတခုပေါ်မှာ အလုပ်ရှုပ်နေသူတယောက်ကို သာမန်မျက်စိနဲ့မြင်ရဖို့အလွန်ခက်ခဲမည်ဖြစ်လေသည်။

သေနတ်တပ်ဆင်လို့ပြီးစီးတဲ့အခါ မြေသားမာမာပေါ် ဝမ်းလျားမှောက်ပြီး မှန်ပြောင်းကတဆင့်မြင်နေရသည့် night vision ကို ချိန်ဆနေရသည်။

အမြင်အာရုံထဲပထမဆုံးဝင်လာသည်က ရဲတိုက်ကြီးသဖွယ် မြင့်မားခန့်ညားသော အဆောက်အအုံကြီးပတ်ပတ်လည်မှာ ကာရံထားသည့် သံဆူးကြိုးတွေနဲ့ ခြံဝင်းထဲက လုံခြုံရေးရုံးခန်းမှာ မာကျောက်ထိုင်ကစားနေသော ယူနီဖောင်းဝတ် အစောင့်ရဲနှစ်ယောက်ရဲ့ကျောပြင်နှစ်ခု..

အချိန်က သန်းခေါင်ရောက်ဖို့မိနစ်ပိုင်းပဲလိုတော့တာမို့ ငိုက်မျည်းသလို ဖြစ်လာသည့်လူတွေရဲ့ဘေးမှာ ကော်ဖီပူပူနှစ်ဖက်က အငွေ့တထောင်းထောင်းထလျက်ရှိသည်။

" ဘန်း !! "

သေနတ်မောင်းပေါ်မှာ ကွေးညွတ်ချင်သွားသည့်လက်တွေအစား Jason ပါးစပ်ကပဲ အသံခပ်တိုးတိုးထွက်လိုက်သည်။ ယူနီဖောင်းဝတ်ထားတဲ့ ရဲတွေကို မြင်တိုင်း ကျောကနေရင်ဘတ်အထိ ထုတ်ချင်းပေါက်အောင် ပစ်ချင်ခတ်ချင်နေတဲ့ စိတ်တွေက Appa ကိုမြင်ယောင်တိုင်းပေါ်ထွက်လာစမြဲ....

နိုင်ငံ့ လက်ရွေးစင်သေနတ်ပစ်ချန်ပီယံတယောက်ဖြစ်ခဲ့ပေမယ့် သူများအသတ်မသတ်ပါပဲ သုံးလောင်းပြိုင်လူသတ်သမားနာမည်ခံရပြီး မတရားသေဒဏ်စီရင်ခံရတဲ့ Appa... ကြံရာပါအဖြစ် အသက် ၁၈နှစ်နဲ့အဖမ်းခံရပြီး ထောင်အနှစ်နှစ်ဆယ်ချထားခြင်းခံရတဲ့ Jason... ပတ်ဝန်းကျင်ရဲ့ စွပ်စွဲပြောဆိုမှုနဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် ဆယ်နှစ်အရွယ် သားငယ်လေးနဲ့အတူ ဟန်မြစ်ထဲခုန်ဆင်းပြီး ဘဝကို အဆုံးသတ်လိုက်ပါသော Jason ရဲ့ Omma...

ခါးသီးရက်စက်လွန်းတဲ့ ဘဝကြီးဟာ Jason ကို လက်မရွံ့လူသတ်သမားတယောက်အဖြစ်ပြောင်းလဲပေးလိုက်တာမို့ ထောင်ဝန်ထမ်းသုံးယောက်ကို ဇီဝိန်ခြွေခဲ့ပြီးထွက်ပြေးလွတ်မြောက်လာရသည်။ Jason နဲ့ အတူတူ ထွက်ပြေးလာသူတဦးကတော့ တခြားမဟုတ်ပဲ ထောင်ထဲမှာ ရင်းနှီးခဲ့သည့် Alpha Hades ဖြစ်သည်။

Ashes & Flame ⛓️ RATED -M  ( Z + U ) [ Season 1❤️ COMPLETED]Wo Geschichten leben. Entdecke jetzt