Now & Ever- 1(Zaw Gyi & Unicode)

12.7K 502 5
                                    

ခြံတံခါးဝ​လေးကို ဖွင့်​လိုက်​တာနဲ့ သူ့ရင်​ထဲ နည်းနည်း ငြိမ်းချမ်းသွားသည်​..ဒီ​နေရာ ဟာ သူ့ရင်​ထဲက ​ကြောက်​ရွံမှု့​တွေကို ငြိမ်း​ပေးနိုင်​သည့်​ ​နေရာ..
ကားကို ခြံဝတွင်​ ရပ်​ခဲ့ပြီး သူ ခြံထဲလမ်း​လျှောက်​ဝင်​လာလိုက်​၏..မှိုင်းညို့ညို့ သစ်​ပင်​​တွေနဲ့ ခြံအလယ်​မှ အိမ်​ကို သွားသည့်​ လမ်း​လေးက လှပငြိမ်းချမ်း​နေ၏..
အခနိး တံခါးလက်​ကိုင်​ ကို ဖွင့်​မလို့ လုပ်​ပြီးမှ အထဲမှ စကား​ပြောသံ သဲ့သဲ့ ကြား​သော ​ကြောင့်​ ဧည့်​ သည်​ ရှိမည်​ဟု သူယူဆလိုက်​ကာ ၏ည့်​ ခနိးမှာ ထိုင်​ကာ
စားပွဲ​ပေါ်တွင်​အလှတင်​ထား​သော ​မျောက်​ရုပ်​ကို သူ စိတ်​ဝင်​စားစွာကြည့်​​နေမိ၏..
ဒီအရုပ်​က ဇိတ္တဇ ဆန်​လိုက်​တာ..

"ကျွီ"

တံခါးဖွင့်​သံ​ကြောင့်​ သူ ​မော့ကြည့်​လိုက်​​တော့ စာအုပ်​တစ်​အုပ်​ကို ကိုင်​ကာ သူ့အား ချိုသာ​သော အပြုံးဖြင့်​ ကြည့်​​နေသည့်​ သူ မမြင်​ဖူး​သော မျက်​နှာစိမ်း သူ တစ်​​ယောက်​ကို ​မြင်​လိုက်​ရ၏..

"Mr. Wang Yi Bo ထင်​တယ်​..အထဲဝင်​ခဲ့ပါ"

သူ​ခေါင်းညိမ့်​ပြလိုက်​ကာ အခန်းထဲ ဝင်​ လာ လိုက်​၏..

"Good Day Yibo "

"Good Day Doctor"

အ​ရှေ့မှာ ရှိ​နေ​သောအသက်​​ငါးဆယ်​အရွယ်​ စိတ်​​ရောဂါ အထူးကုဆရာဝနိကြီး Dr.Xiaoကို သူနှုတ်​ဆက်​လိုက်​၏..

"ဘယ်​လိုလဲ Yibo..အခုတစ်​ပတ်​အတွင်း ဘာ​တွေဖြစ်​ခဲ့လဲ..အဆင်​​ကော​ပြေရဲ့လား"

"ကျွန်​​တော်​..."

သူ​ပြောမလို့ လုပ်​ခါမှ ​ဘေးမှ အပြုံးချိုချိုမျက်​နှာနဲ့လူ​ကြောင့်​ စကားစ ပျကိသွားရ၏..သူ သူစိမ်း​တွေ​ရှေ့မှာ သူ့အ​ကြောင်း​တွေမ​ပြောချင်​..

"Aww..သား​ရှေ့မှာ ရှိ​နေတာ အပြင်​လူ မဟုတ်​ပါဘူး..ဦးရဲ့တစ်​ဦးတည်း​သော သား Xiao Zhanတဲ့ အခုမှ သြဇီက​နေ ​ဆေး ​ကျောင်းပြီးလို့ ဒီပြန်​လာတာ​လေ..သူ က Pschyologic လဲ နည်းနည်းစိတ်​ဝင်​စားပြီး ​လေ့လာချင်​တယ်​ဆိုလို့"

Now & EverWhere stories live. Discover now