ခြံတံခါးဝလေးကို ဖွင့်လိုက်တာနဲ့ သူ့ရင်ထဲ နည်းနည်း ငြိမ်းချမ်းသွားသည်..ဒီနေရာ ဟာ သူ့ရင်ထဲက ကြောက်ရွံမှု့တွေကို ငြိမ်းပေးနိုင်သည့် နေရာ..
ကားကို ခြံဝတွင် ရပ်ခဲ့ပြီး သူ ခြံထဲလမ်းလျှောက်ဝင်လာလိုက်၏..မှိုင်းညို့ညို့ သစ်ပင်တွေနဲ့ ခြံအလယ်မှ အိမ်ကို သွားသည့် လမ်းလေးက လှပငြိမ်းချမ်းနေ၏..
အခနိး တံခါးလက်ကိုင် ကို ဖွင့်မလို့ လုပ်ပြီးမှ အထဲမှ စကားပြောသံ သဲ့သဲ့ ကြားသော ကြောင့် ဧည့် သည် ရှိမည်ဟု သူယူဆလိုက်ကာ ၏ည့် ခနိးမှာ ထိုင်ကာ
စားပွဲပေါ်တွင်အလှတင်ထားသော မျောက်ရုပ်ကို သူ စိတ်ဝင်စားစွာကြည့်နေမိ၏..
ဒီအရုပ်က ဇိတ္တဇ ဆန်လိုက်တာ.."ကျွီ"
တံခါးဖွင့်သံကြောင့် သူ မော့ကြည့်လိုက်တော့ စာအုပ်တစ်အုပ်ကို ကိုင်ကာ သူ့အား ချိုသာသော အပြုံးဖြင့် ကြည့်နေသည့် သူ မမြင်ဖူးသော မျက်နှာစိမ်း သူ တစ်ယောက်ကို မြင်လိုက်ရ၏..
"Mr. Wang Yi Bo ထင်တယ်..အထဲဝင်ခဲ့ပါ"
သူခေါင်းညိမ့်ပြလိုက်ကာ အခန်းထဲ ဝင် လာ လိုက်၏..
"Good Day Yibo "
"Good Day Doctor"
အရှေ့မှာ ရှိနေသောအသက်ငါးဆယ်အရွယ် စိတ်ရောဂါ အထူးကုဆရာဝနိကြီး Dr.Xiaoကို သူနှုတ်ဆက်လိုက်၏..
"ဘယ်လိုလဲ Yibo..အခုတစ်ပတ်အတွင်း ဘာတွေဖြစ်ခဲ့လဲ..အဆင်ကောပြေရဲ့လား"
"ကျွန်တော်..."
သူပြောမလို့ လုပ်ခါမှ ဘေးမှ အပြုံးချိုချိုမျက်နှာနဲ့လူကြောင့် စကားစ ပျကိသွားရ၏..သူ သူစိမ်းတွေရှေ့မှာ သူ့အကြောင်းတွေမပြောချင်..
"Aww..သားရှေ့မှာ ရှိနေတာ အပြင်လူ မဟုတ်ပါဘူး..ဦးရဲ့တစ်ဦးတည်းသော သား Xiao Zhanတဲ့ အခုမှ သြဇီကနေ ဆေး ကျောင်းပြီးလို့ ဒီပြန်လာတာလေ..သူ က Pschyologic လဲ နည်းနည်းစိတ်ဝင်စားပြီး လေ့လာချင်တယ်ဆိုလို့"
YOU ARE READING
Now & Ever
RomanceNow & Ever ရုပ်ရှင်ကို ကြည့်မိပြီး အရမ်းကြိုက်လွန်းလို့ Yizhan Versionအနေနဲ့ပြန်ရေးမယ့် ficလေးပါ.. တချို့နေရာတွေမှာတော့ ရုပ်ရှင်နဲ့ မတူနိုင်ပါဘူး. တစ်ခုသတိပေးချင်တာက တော့ ရုပ်ရှင်ကို အရင်ကြည့်ပြီးမှ ဒီ ficလေးကို ဖတ်ပေးကြဖ...