Milanရဲ့ ချမ်းစိမ့်စိမ့်ရာသီဥတု..Milan Cathedral ရဲ့ ခနိးမ လျှောက်လမ်းရဲ့အဆုံး စ တိတ်စင်ပေါ်မှာ Yiboရဲ့ ဘဝ တစ်ခုလုံးဖြစ်သော ကိုကိုဟာ အဖြူရောင် သတို့သားဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ကို စောင့်ဆိုင်းနေသည်..သူတို့ ရဲ့မင်္ဂလာပွဲဟာ ခင်မင်ရင်းနှီးသူ အနည်းငယ်နဲ့သာ ပြုလုပ်ခဲ့သည်..Yiboဖက်က မိတ်ဆွေသူငယ်ချင်းဆွေမျိုးတွေမပါပေမယ့် ကိုကို့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ တင်ပွဲလေးဟာ ပြည့်စုံသွားပြီ..လျှောက်လမိးကို တစ်လှမ်းခြင်း သူလျှောက်လာတော့ လက်ခုပ်သံတွေ ဟာဆူညံသွားသည်...လမ်းအဆုံးမှာ ကိုကိုက သူ့ကို တောက်ပစွာ ပြုံးကာ လက်ကမ်းတော့ သူ ပေးလိုက်သည်..
"သတို့သား Xiaozhanကသတို့သား Wang Yiboကို အေးအတူပူအမျှ သစ္စာ ရှိစွာဖြင့် တစ်ဘဝလုံးလက်တွဲသွားမည်ဟု ကတိပေးနိုင်ပါသလား"
"ပေးနိုင်ပါသည်"
"သတို့သား Wang Yiboကသတို့သား Xiaozhanကို အေးအတူပူအမျှ သစ္စာ ရှိစွာဖြင့် တစ်ဘဝလုံးလက်တွဲသွားမည်ဟု ကတိပေးနိုင်ပါသလား"
"ပေးန်ုင်ပသည်"
"ယခု အချိန် ကစပြီး သင်တို့ဟာ အကြင်လင်မယားအရာမြှောက်သွားပါပြီ"
ကိုကိုက Yiboရဲ့ စေ့စပ်လက်စွပ်ဝတ်ဆင်ထားသောလက်အပေါ်မှာ လက်ထပ်လက်စွပ်ကို ဝတ်ဆင်ပေးလိုက်သည်..သူလဲ ကိုကို့ကို လက်ထပ်လက်စွပ် ဝတ်ပေးလိုက်သည်..
"သတို့သားနှစ်ယောက် နမ်းလို့ ရပါပြီ"
သင်းအုပ်ဆရာရဲ့ စကားအဆုံးမှာ ကိုကို့လက်တွေဟာ Yiboရဲ့ ခါးကိုထွေးပွေ့လိုက်ပြီး နူးညံသော နှုတ်ခမ်းတို့ဟာ ချိုမြိုန်စွာသူ့ကို ထိတွေ့လာသည်..လက်ခုပ်သံတွေဆူညံ သွား သည်...မျက်နှာနှစ်ခု ခွာသွားချိန်မှာ သူ့မျက်နှာဟာနီရဲနေခဲ့ပြီး ကိုကိုကတော့ သူ့ကို ကြည်နူးစွာ ပြုံးကြည့်နေခဲ့သည်..
"ကျွန်တော်တို့ကို ခွင့်ပြုပေးခဲ့လို့ ဦးကိုကျေးဇူးတင်ပါတယ်"
YOU ARE READING
Now & Ever
RomanceNow & Ever ရုပ်ရှင်ကို ကြည့်မိပြီး အရမ်းကြိုက်လွန်းလို့ Yizhan Versionအနေနဲ့ပြန်ရေးမယ့် ficလေးပါ.. တချို့နေရာတွေမှာတော့ ရုပ်ရှင်နဲ့ မတူနိုင်ပါဘူး. တစ်ခုသတိပေးချင်တာက တော့ ရုပ်ရှင်ကို အရင်ကြည့်ပြီးမှ ဒီ ficလေးကို ဖတ်ပေးကြဖ...