Part-7 (Zaw Gyi & Unicode)

3.1K 279 0
                                    

"က​လေး..က​လေး ..ထ​တော့​လေကွာ..​နေ့လယ်​​တောင်​​ရောက်​​နေပြီ"

"ဟင်​..ကိုကို..ပြန်​လာပြီလား"

အိပ်​ချင်​မူးတူးနဲ့မျက်​လုံး​တွေကို မနည်း ဖွင့်​ကာ Yiboက ပြန်​​ဖြေ၏..

"ကိုကိုည က Night Duty စသွားထဲက အိပ်​​နေတာမလား..အခု ကိုကို​တောင်​ဂျူတီထွက်​ပြီး ပြန်​လာပြီ..အိပ်​တုန်းပဲလား..​နေ့လည်​​တောင်​​ရောက်​​နေပြီ..ထ​တော့"

"ဟင်​..​နေ့လည်​​တောင်​ ​ရောက်​​နေပြီလား..အိပ်​မှာ​ပေါ့..ညတုန်းက Night Duty မသွားခင်​​သောင်းကျန်းသွားတာ ဘယ်​တစ်​​ယောက်​လဲ"

"က​လေးကလဲ.."

သူမျက်​​စောင်းထိုးပြီး​ပြော​တော့ ကိုကိုက ရယ်​သည်

"တကယ်​ပဲ..Night Duty သွားရလဲ ကိုကိုက ကျွန်​​တော့်​ကိုအလွတ်​မ​ပေးဘူး​နော်​."

"ချစ်​လို့ပါ က​လေးက​တော့..ထ​တော့..ဟာကွာ..ညက အကျီင်္လဲပြန်​ဝတ်​မအိပ်​ပြန်​ဘူးလား..ဖျားဦမးမယ်​"

"မဖျားပါဘူး ကိုကိုရဲ့..စိတ်​မပူပါနဲ့ . "

"​ဆေး​သောက်​ဦး​နော်​..ကိုကို ခဏ အိပ်​လိုက်​ဦးမယ်​​နော်​.ပင်​ပန်းလို့"

ကိုကိုက သူ့​ဘေးမှ ဝင်​လှဲကာ သူ့ နဖူးကိုတစ်​ချက်​နမ်းကာ​ပြော၏..

"ဟုတ်​..အိပ်​လိုက်​ဦးကိုကို..​နေ့လယ်​စာ အဆင်​သင့်​ ဖြစ်​မှ ကျွန်​​တော်​ လာနိုးမယ်​..Mwah"

ကိုကို့ နှုတ်​ခမ်းကို တစ်​ချက်​နမ်းကာ ကုတင်​​ပေါ်မှ ဆင်းပြီး အကျီင်္​တွေကို ယူ ဝတ်​လိုက်​၏..

"အိုက်​ယား..နာလိုက်​တာ"

အောက်​ပိုင်းမှ နာကျင်​မှု့​ကြောင့်​ ကုတင်​​ပေါ်အိပ်​​နေ​သော ကိုကို့ကို ကြည့်​ကာ မျက်​​စောင်းထိုးလိုက်​အိ၏.ဒီလူကြီးဟာ တကယ်​မလွယ်​တာ..အခုဆို Yiboတို့ လက်​ထပ်​ခဲ့တာ သုံးနှစ်​ရှိခဲ့ပြီ..ကိုကိုက နှလုံးအထူးကုဆရာဝန်​ကြီးတစ်​​ယောက်​​တောင်​ဖြစ်​​နေပြီ..လက်​ထပ်​ပြီးထဲ က Aulstraliaမှာပဲ သူတို့​တွေ​နေဖြစ်​ခဲ့ကြ၏..ကိုကို့ဒယ်​ဒီ ဆုံးသွားတဲ့ မနှစ်​က သာ တရုတ်​ကို ခဏ ပြန်​ဖြစ်​ခဲ့ကြသည်​..လိင်​တူ လက်​ထပ်​မှု့ကို တရားဝင်​ခွင့်​ပြု​သော ဒီ နိုင်​ငံမှာ ကိုကိုဟာ သူ့ကို လက်​ထပ်​ထားသူမှန်း သူ့ ပတ်​ဝန်းကျင်​အသိုင်းအဝိုင်းမှာ တရားဝင်​မိတ်​ဆက်​​ပေးထားပြီးသား..ဒါ​တောင်​ ကိုကို့အနား နာ့စ်​​ချော​ချော​လေး​တွေဆရာဝန်​​ချော​ချော​လေး​တွေ က ဝိုင်း​နေဆဲမို့ သူ့မှာစိတ်​မချ ဖြစ်​ကာ ကိုကို့ ကို ​ဆေးရုံကို အကြိုအပို့ လုပ်​လိုက်​ ထမင်းသွားပို့လိုက်​ဖြင့်​ မဏ္ဌပ်​တိုင်​ ထပ်​ပြရ၏..ကိုကိုက ​တော့ သူ့ကို အချစ်​မ​လျှော့ခဲ့ပါ..သူကလွဲလို့ ဘယ်​သူ့ကိုမှလဲ ကြည့်​​တောင်​မကြည့်​ခဲ့..သူတို့နှစ်​​ယောက်​ရဲ့ချစ်​ခြင်းကို လူတိုင်းက အားကျ ကျသည်​..Yibo​လောက်​ကံ​ကောင်းတဲ့သူ ဒီကမ္ဘာမှာမရှိ​တော့ဘူးလို့​တောင်​​ပြောကြတဲ့အထိ..ကိုကို့ အချစ်​​တွေနဲ့ ​နေ့ရက်​​တွေဟာ လှပ​နေလျှက်​..

Now & EverWhere stories live. Discover now