"နင့်ကို ပြန်တွေ့ရတာ ငါအရမ်းဝမ်းသာတယ်"
အရှေ့မှ ရွှေရောင် ဆံပင်နဲ့ မိန်းမချောလေးကို ကြည့်ကာ Xiao Zhanက ပြော၏..
"ငါက ပိုဝမ်းသာပါတယ်"
"နင်အခု ထိ လက်မထပ်ရသေးဘူးလားရှင်းယီ"
"အင်း..ငါ က နင့်လိုမှ အသည်းမမာနိုင်တာ
Zhanရယ်""နင် သြဇီတေးယျကို ဘယ်လိုရောက်လာတာလဲ"
"ငါ့ အလုပ်က ရုံးချုပ်က ဒီမှာလေ..ရုံးချုပ်ကိုလွှတ်လိုက်လို့ ငါရောက်လာတာ"
"Aww"
"နင်တို့တွေက ငါ့ကိုအဆက်အသွယ်ဖြတ်ထားကြတော့ ရောက်နေတာတောင် ငါတစ်ယောက်ကိုမှ ဆက်သွယ်မရဘူးလေ..ဟိုနေ့က ဆေးရုံသွားတော့ သားဖွားမီးယပ် အထူးကု Dr.Xiao Zhanဆိုတာတွေ့တော့ နင်ဖြစ်နေမယ် ထင်တာနဲ့ ဝင်တွေ့မှ နင့်ကို ဖမ်းမိတော့တယ်"
"ဟားဟား.. "
"Zhan နင် က အိမ်ထောင်ကျပြီးမှ ပိုချောလာသလိုပဲ"
."ဟုတ်လား..နင်လဲ အရင်ကထက်အများကြီး ပိုလှလာတယ်"
"ကျေးဇူးပါ..ချီးကျူးပေးလို့..ငါတို့ ပြန်တွေ့တာ ရေစက်ပဲနော်..ဒါနဲ့ နင် အိမ်ထောင်ရေးကော အဆင်ပြေရဲ့လား Zhan"
"အင်း..ဒီလိုပါပဲ"
"နင်က ငါ့ကို လက်ထပ်ပွဲတောင်မဖိတ်ဘူးနော်"
"နင်ခံစားရမှာဆိုးလို့"
"အမယ်လေး.."
ရှင်းယီ ရယ်လိုက်ရင်း..အရှေ့က လူချောလေးကို ကြည့်သည်..လည်ပင်းပိတ် အနီရောင်ဆွယ်တာကို လောင်းကုတ် အမည်းထပ်ဝတ်ထားသောထိုလူဟာ မတွေ့တာကြာမှပိုပြီးခန့်ညားနေသလို..အင်း..ဒီရည်စားဦးကောင်လေးကို လက်လွတ်ခဲ့ရတာ သူမဘဝမှာနောင်တအရဆုံး..အခုချိန်ထိ သူဟာ သူမကို ရင်ခုန်အောင် လုပ်နိုင်နေဆဲ..ကြည့်နေရင်း Xiao Zhanရဲ့ မျက်ဝန်းတွေမှာ ဝမ်းနညိးရိပိတွေဖုံးလွှမ်းကာ မှိုင်းညို့နေတာကိုသူမ သတိထားမိသွားသည်.
YOU ARE READING
Now & Ever
RomanceNow & Ever ရုပ်ရှင်ကို ကြည့်မိပြီး အရမ်းကြိုက်လွန်းလို့ Yizhan Versionအနေနဲ့ပြန်ရေးမယ့် ficလေးပါ.. တချို့နေရာတွေမှာတော့ ရုပ်ရှင်နဲ့ မတူနိုင်ပါဘူး. တစ်ခုသတိပေးချင်တာက တော့ ရုပ်ရှင်ကို အရင်ကြည့်ပြီးမှ ဒီ ficလေးကို ဖတ်ပေးကြဖ...