"ကလေး.."
"ဗျာ..ကိုကို"
ကိုကိုက သူ့ကို ရင်ခွင်ထဲ ထည့်ရင်း စာဖတ်နေရာမှာ ငုံကာ ခေါ်လိုက်တော့ သူကမော့ကြည့်ပြီး ထူးလိုက်တော့ သူ့ နဖူးလေးကို တစ်ချက် ငုံ နမ်းကာ..
"သက်သာ သွားပြီလား"
"အင်း.."
"အပြင်ထွက်ကြရအောင်..Milanမြို့ထဲ လည် ကြမယ်"
"ဟုတ်.."
"နွေးနွေးထွေးထွေး ဝတ်နော်..အပြင်မှာ အေးနေတယ်"
"အင်းပါ ကိုကိုရဲ့.."
အဖြူရောင်ဆွယ်တာပေါ်မှာ အညိုရောင် လောင်းကုတ်အရှည်ကြီး ထပ်ဝတ်ထားသော ကိုကိုဟာ အဖြူရောင်ရှပ်အပေါ်မှာ အစိမ်းရောင် Jacketလေးတစ်ထည် ထပ်ဝတ်ထားသော သူ့ကို သေချာ ကြည့်၏.
"ဘာဖြစ်လို့လဲ ကိုကို.."
"အင်း..ဒီပုံတိုင်း အပြင်ထွက်ရင်.. ညက ကိုကိုတို့လုပ်ခဲ့တာတွေ အကုန် သိကုန်ကြမှာပဲ"
ကိုကို က သူ့ လည်ပင်းမှအနီရောင် Markingရာများကို ကြည့် ကာ ပြော၏..
"ဟင်..ဟုတ်သားပဲ..အခုမှ သတိထားမိတယ် ..အဲ့ဒါကိုကို့ကြောင့်"
နှုတ်ခမ်းဆူသွားသော သူ့ကို ကိုကို က ပါးလေးတစ်ချက်လိမ်ဆွဲပြီး အညိုရောင် မာဖလာလေးတစ်ထည်ကို ယူကာ သူ့လည်ပင်းကို ပတ်ပေးရင်း..
"စိတ်မဆိုးနဲ့ ကလေးလေးရဲ့..ကိုကိုက ချစ်လို့ကိုး..ဒီလိုလေးဆို မသိ သာတော့ဘူး..လာသွားမယ်"
သူ က မျက်စောင်းတစ်ချက်ထိုးကာ ကိုကိုဆွဲခေါ်ရာနောက် လိုက်သွား၏..
.......
"ဝေး..Zhan Zhan"
ဟိုတယ်ပေါက်ဝမှာ အထုပ်တွေအပိုးတွေနဲ့ ZhoueCheng တို့အတွဲနဲ့ဇီရွမ်းတို့အတွဲက သူတို့ကို မြင်တော့ လှမ်းအော်ခေါ်၏..
"အဟီး..Yiboလေး..ညက အဆင်ပြေရဲ့လား"
ZhoueCheng ၏စကားကြောင့် သူ့ မျက်နှာတွေရဲသွားရ၏..
YOU ARE READING
Now & Ever
RomanceNow & Ever ရုပ်ရှင်ကို ကြည့်မိပြီး အရမ်းကြိုက်လွန်းလို့ Yizhan Versionအနေနဲ့ပြန်ရေးမယ့် ficလေးပါ.. တချို့နေရာတွေမှာတော့ ရုပ်ရှင်နဲ့ မတူနိုင်ပါဘူး. တစ်ခုသတိပေးချင်တာက တော့ ရုပ်ရှင်ကို အရင်ကြည့်ပြီးမှ ဒီ ficလေးကို ဖတ်ပေးကြဖ...