"မင်း က ဒီလို ကြတော့လဲ ငါ့မိန်းမကြီး ကျနေတာပဲ"
Tulip ပန်းတွေ ပန်းအိုးထဲ ထိုးနေသော Zhoucheng ကို ကြည့်ကာ ခုတင်ပေါ်က Xiao Zhan က လှမ်းစ၏..
"ချီးကို မိန်းမ"
"ဟား ဟား သဲလေးရယ် စိတ်မဆိုးပါနဲ့ ကွ"
တဟားဟားရယ်နေသော Xiao Zhanကို သူ ကြည့်လိုက်သည်..အရင်ခန္ဓာကိုယ်ရဲ့ တစ်ဝက်လောက်တောင်ပိန်ကျသွားတဲ့ Xiao Zhan..အသားရေတွေကလဲ အရင် လို ဖွေးဆွတ်မနေတော့ပဲ ညို ညစ်ညစ်..အရင်က သူများတွေကိုဆေးကုခဲ့သော Dr.Xiao Zhan ဟာ အခု သူများ ဆေးကုတာကို ခံနေရသည်
"Zhocheng သူ အဆင်ပြေရဲ့လား"
"Yibo အဆင်ပြေပါတယ်.. သူ့ရောဂါက အခု လုံးဝ ပျောက်သွားပြီ..အခု သာမာန်လူတွေလို သူပျော်ပျော်ရွှင်ရွှင်နေနေတယ်...ငါ့အိမ်မှာ ငါ့သားနဲ့ သူ တစ်ပတ်ကိုနှစ်ခါလောက်လာဆော့တယ်"
"သူအဆင်ပြေနေတာ ကို သိရတော့ ငါဝမ်းသာပါတယ် "
"သူလဲ အဆင်ပြေနေပြီပဲ..Zhan Zhanရယ် မင်းသူနဲ့တွေ့လိုက်ပါလား"
"သူရှေ့မှာ ငါထွက်ခွာသွားမယ့်ပုံစံကို ငါ သူ့ကို မမြင်စေချင်ဘူး..သူ့ကို မခံစားစေချင်ဘူး"
"Zhan Zhan..မင်းထွက်ခွာသွားတာကို သူမတွေ့လိုက်မှ သူတစ်သက်လုံးနောင်တရပြီး နာကျင်ရမှာ..မင်းသူနဲ့တွေ့လိုက်ပါ Zhan Zhan"
Xiao Zhan ကစားပွဲပေါ်က Tulip ပန်းတွေကို အသက်မဲ့စွာ ကြည့်နေရင်း သူ့ ကို ဘာမှ ပြန်မပြော..ကံတရားဟာ ဒီတစ်ခါတော့ တကယ်ကို ရက်စက်လွနိးလှသည်..
....
Flash back to 8 Month ago.
"မင်းဖောက်ပြန်နေတာလား Xiao Zhan"
"အဟတ်..မင်းဘယ်လိုထင်လို့လဲ"
"Xiao Zhan မင်း..မင်း တကယ်ကြီးလား"
"ငါ့မှာ Brain tumor ရှိနေတယ်.. ဆေးတွေနဲ့ ဆွဲဆန့်ထားပြီး နေရင်တောင်အလွန်ဆုံးတစ်နစ်ပဲ ငါအသက်ရှင်နိုင်မှာ"
"မင်း မနောက်စမ်းနဲ့"
"ငါ မနောက်ဘူး တကယ်ပြောနေတာ..ဒီမှာ ငါ့ဆေးစစ်ချက်တွေ"
"Zhan Zhan..ဒါ..ဒါက"
"ငါကလေးနဲ့ မခွဲနိုငိဘူး..ဒါပေမယ့် ငါခွဲရတော့မယ် Zhoucheng "
YOU ARE READING
Now & Ever
RomanceNow & Ever ရုပ်ရှင်ကို ကြည့်မိပြီး အရမ်းကြိုက်လွန်းလို့ Yizhan Versionအနေနဲ့ပြန်ရေးမယ့် ficလေးပါ.. တချို့နေရာတွေမှာတော့ ရုပ်ရှင်နဲ့ မတူနိုင်ပါဘူး. တစ်ခုသတိပေးချင်တာက တော့ ရုပ်ရှင်ကို အရင်ကြည့်ပြီးမှ ဒီ ficလေးကို ဖတ်ပေးကြဖ...