Part-4 (Zaw Gyi & Unicode)

3.8K 351 1
                                    

ကား​သော့ ကို ရမ်းကာ သီချင်း​လေး တညဉ်းညဉ်းဖြင့်​ ဝင်​လာ​သော Xiao Zhanကို Mr.Xiao ကြည့်​ကာ..

"ပြန်​လာပြီလား သား"

"ဟုတ်​ Daddy"

"ခဏထိုင်​ပါဦးသား ..Daddy သားနဲ့စကား​ပြောချင်​လို့"

Xiao Zhanက အ​ရှေ့ကခုံမှာဝင်​ထိုင်​လိုက်​ပြီး ဘာ​ပြောမလို့လဲ ဆိုပြီးမျက်​ဝန်း​တွေနဲ့ ကြည့်​လိုက်​သညိ

"ဒီတစ်​​ခေါက်​သား Chinaပြန်​​ရောက်​တာ အရမ်း​ပျော်​​နေသလိုပဲ..အင်း..အခုတ​လောမှ ပို​ပျော်​​နေတယ်​ဆို ရင်​ပိုမှန်​မယ်​ထင်​တယ်​..သား ချစ်​သူရှိ​နေပြီလား"

"Daddyဟာ စိတ်​​ရောဂါပါရဂူကြီးပီသ လိုက်​တာ..အကဲခတ်​တာ အရမ်း​တော်​တာပဲ"

"စကား​တွေမလွှဲနဲ့ သား..Daddy​မေးတာ ​ဖြေပါဦး"

"Daddy ​ပြောတာ မှန်​ပါတယ်​..သားမှာချစ်​သူ ရှိ​နေပြီ..သူက.."

Xiao Zhanက အားနာဟန်​ဖြင့်​ သူ့ အ​ဖေကို ကြည့်​ကညသက်​ပြင်းသဲ့သဲ့ချလိုက်​ပြီး ..Mr.Xiaoက ရယ်​ကာ

"Yibo မလား"

"ဟင်​..Daddyဘယ်​လိုသိတာလဲ"

"Daddyက သားကို ​မွေးထားတဲ့သူ​လေ..အကုန်​သိတာ​ပေါ့သားရယ်​..အစထဲကလဲ Daddy ရိပ်​မိ​နေခဲ့တာ"

"ကျွန်​​တော်​ Daddyကို အားနာမိတယ်​ Daddy..ကျွန်​​တော်​ချစ်​တဲ့သူက ​ယောကျာင်္း ​လေးတစ်​​ယောက်​ဖြစ်​​နေလို့.ဒါ​ကြောင့်​ ကျွန်​​တော်​ ​ပြောမထွက်​ခဲ့တာ"

"နှလုံးသားရဲ့ဆန္ဒကို လွန်​ဆန်​လို့ မရပါဘူး သားရယ်​..သားချစ်​တယ်​ ဆိုရင်​ပြီးတာပဲ..Daddy က အားလုံးကိုနားလည်​တယ်​..သား​ပျော်​​နေရင်​ Daddyက ​ကျေနပ်​ပြီးသား"

"​ကျေးဇူးတင်​ပါတယ်​ Daddy"

"ဒါ​ပေမယ့်​ သား Yiboကိုတကယ်​ချစ်​ရဲ့လား..သားသူ့အ​ပေါ်သနားစိတ်​​တွေ​ကြောင့်​လား သားကိုယ်​သားဆန်းစစ်​ပြီးပြီလား"

"သား သူ့ကိုတကယ်​ချစ်​တာပါ Daddy..လက်​ထပ်​ဖို့အထိ ရည်​ရွယ်​ ပြီးချစ်​တာပါ"

"​သေချာစဉ်းစားဦးသား..Yiboကို လက်​ထပ်​ရင်​ သားရင်​ဆိုင်​ရမယ့်​ အခက်​အခဲ​တွေကအများကြီး..​ယောကျာင်္း ​လေး တစ်​​ယောက်​ဖြစ်​​နေတာက တစ်​ ခု..ပြီး​တော့ Yiboဟာ သာမာန်​ လူတစ်​​ယောက်​မဟုတ်​ဘူး..ဒဏ်​ရာ​တွေနဲ့ ပြည့်ေ​နတဲ့ ​ရောဂါသည်​တစ်​​ယောက်​..အချိန်​​မ​ရွေး ထ ​ပေါက်​ကွဲ နိုင်​တဲ့  ဗုံးတစ်​လုံးလိုလူ....သားဖက်​က မ​သေချာပဲ ဒီက​လေးကို ဒဏိရာ​တွေထပ်​ မ​ပေး​စေချင်​ဘူး"

Now & EverDonde viven las historias. Descúbrelo ahora