Yibo ၏ ဘဝသည် ရှင်သန်ရသည်မှာ အဓိပ္ပါယ် ရှိသလို ခံစားလာရမိသည်မှာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်သည်.. Xiao Zhanနဲ့ ရင်းနီး ပြီး နောက်ပိုင်း Xiao Zhan ၏ နွေးထွေးမှု့နဲ့ ဂရုစိုက်မှု့တွေကြောင့် အတိတ်၏ နာကျင်စရာများကို သူမေ့ပျောက်နေခဲ့သည်.. ခင်မင်လာသော တစ်လအတွင်းမှာ Xiao Zhan က နေ့တိုင်းနီးပါး သူ့ကို မပျက်မကွက် လာတွေ့ကာ ဂရုစိုက်ပေးခဲ့သည်.. သူ့ ဘက်က လဲ Xiao Zhan ကို ခင်မင်မှု့ထက် ပိုသော သံယောစဉ် လေးတစ်ခု ဖြစ်နေခဲ့သည်.. ဒါဟာ ဘာလဲဆိုတာကို သူ အဖြေမရှာချင်ပါ..မဖြစ်သင့်သော အရာတစ်ခု ကို အစထဲက မစတင်တာက ပို ကောင်း သည်မလား..
Xiao Zhanဟာ အညွှန့် တလူလူနဲ့ တက်နေသည့် လူတစ်ယောက် ..သူကတော့ စိတ် ကျရောဂါသည်တစ်ယောက်..ပြီးတော့ သူဟာလဲယောကျာင်္းတစ်ယောက် ကိုယ်ကလဲ ယောကျာင်္း တစ်ယောက်..
အတွေးတွေက များလာကာ ရင်ထဲပူလောင်လာ၏..မားမားဆုံးပြီးထဲက နောက်ထပ်သံယောစဉ်တွေတွယ်ပြီးခံစားရမှာကြောက်လို့ သူ သူငယ်ချင်း တောင်မထားခဲ့..အခုတော့ သူ့ဘဝထဲ ရုတ်တရက် ဝင်လာသည့် Xiao Zhanကြောင့် သူ ကြောက်လာမိသည်..မားမားလိုလဲ Zhan Geက သူ့ကို ထားသွားဦးမှာလား..ရင်ထဲမှ တစ်လှပ်လှပ် ဝေဒနာနဲ့ ချွေးစေးတွေပါ ပြန်လာသောကြောင့် အိပ်ယာဘေးအံဆွဲထဲမှ ဆေးဘူးကို ထုတ်ကာ ဆေးတွေကို ရေတွေနဲ့မျှောချလာရင်း စောင်ကို ခြုံကာ အိပ် လိုက်၏.. အိမ်မက်ထဲ ထိတော့ အတွေးတွေ ပါမလာ ပါနဲ့.."Yibo လေး.."
ခေါ်သံကြောင့် သူအိပ်ပျော်နေရာမှာ မျက်လုံးကို ဖွင့် ကြည့်လိုက်တော့.."မားမား"
"မားမားကို ခွင့်လွှတ်ပါ ကလေးရယ်..မားမားကို မုန်းနေပြီလားဟင်?"
လက်ကောက်ဝတ် မှသွေးတွေ တတောက်တောကိကျနေသော မားမားက သူ့အနားကို တိုးလာ၏..မားမားခြေလှမ်း လှမ်းလိုက်တိုင်းသွေးတွေက အဆက်မပြတ် ကျနေလို့ ကြမ်းပြင်တစ်ခုလုံးသွေးတွေကရဲနေ၏..
YOU ARE READING
Now & Ever
RomanceNow & Ever ရုပ်ရှင်ကို ကြည့်မိပြီး အရမ်းကြိုက်လွန်းလို့ Yizhan Versionအနေနဲ့ပြန်ရေးမယ့် ficလေးပါ.. တချို့နေရာတွေမှာတော့ ရုပ်ရှင်နဲ့ မတူနိုင်ပါဘူး. တစ်ခုသတိပေးချင်တာက တော့ ရုပ်ရှင်ကို အရင်ကြည့်ပြီးမှ ဒီ ficလေးကို ဖတ်ပေးကြဖ...