ည နှစ်နာရီ ရှိခဲ့ပြီ..မျက်လုံး အပြူးသားနဲ့ Yibo ထိုင်နေဆဲ..ကိုကို့ Phဟာ စက်ပိတ်ထားသည် ဟုသာ တစ်ချိန်လုံး မြည်နေသည်..ကိုကို သူ့ကို ထားသွား ပြီလား..ဟင့်အင်း..ကျွန်တော်တို့တွေ ဟို တစ်တစ်လောတုန်းကတောင် အဆင်ပြေနေသေးတယ်လေဗျာ..ထား သွားမှာ မဟုတ်ပါဘူးနော်..ဟုတ်တယ်မလား..မခံစားနိုင်တော့တဲ့အဆုံးမှာ လက်တုန် တုန်ဖြင့် Ph No တစ်ခု ကို နှိပ်လိုက်မိသည်..
"Hello.."
"Zhoucheng Ge..ကျွန်တော်..Yiboပါ..ကိုကို..ကိုကိုလေ အိမ်ပြန်မလာလို့..Ge ဆီများရောက်နေသလားလို့"
"Phဆက်ကြည့်သေးလား Yiboလေး"
"ဆက်တယ်..စက်ပိတ်ထားတယ် Ge"
"သိပ်စိတ်မပူပါနဲ့ Yibo..သူ့မှာ ကိစ္စတစ်ခုရှိလို့နေမှာပါ..Geဆီတော့ သူ ရောက်မလာဘူး..စိတ် ကို ငြိမ်ငြိမ်ထားနော် Yibo..ဆေးသောက်ပြီး အိပ်လိုက်.. မိုးလင်းတာနဲ့ Ge လာခဲ့မယ်..ဟုတ်ပြီလား"
ိစိတ်ရောဂါကု ဆရာဝန်ပီသစွာ လေသံအေးအေးလေးနဲ့ ပြောနေသော Zhoucheng Geစကားကို သူ အင်းဟု တစ်လုံးထဲသာ တုန့်ပြန်ကာ Ph ချလိုက်သည်..ဘယ်လို အိပ်ပျော်နိုင်မှာလဲ..ကိုကို မှ မရှိတာ..ပြန်ဘာတော့ ကိုကို..ဟင်းတွေလဲအေးစက်ကုန်ပြီ..ကျွန်တော်လဲ အမှောင်ထဲမှာ ထိုင်နေရတာ ကြောက်နေပြီ..
....
"ည ထဲက Ge လာမလို့ ပဲ..မိုး အရမ်းချုပ်နေလို့..တကယ်တော့ Xiao Zhan ပြန်မလာတော့မှာကို Ge ကြိုသိပြီးသားပါ"
မျက်တွင်းဟောက်ပက် ဆံပင်တွေရှုပ်ပွကာ ထိုင်နေသော သူ့ကို သနားသလို ကြည့်ကာ Zhoucheng ကပြောသည်..
"ဘာတဲ့လဲ.. ဘာဖြစ်လို့ ပြန် မလာတာလဲ"
"အကြောင်းပြချက်မရှိ ထွက်သွားရလို့ တောင်းပန်ပါတယ်လို့ Yiboကို ပြောပေးပါတဲ့ ..ဒီမှာ ကွာရှင်းစာချုပ်..သူ လက်မှတ်ထိုးပြီး ပါ ပြီ..ဒီ အိမ်နဲ့ ခြံရယ် ပြီးတော့ ဘဏ် စာရင်းထဲမှာ Yiboအတွက် ပိုက်ဆံတွေရယ် သူထားခဲ့တယ်.."
"သူ့ ဘက်က တစ်ဖက်သတ် အဲ့လိုကွာလို့ ရတယ်ပေါ့..ကွာမပေးနိုင်ဘူး ..ကျွန်တော် ကွာပေးလိုက်ရင် သူဟိုမိန်းမဆီသွားမှာမလား"
YOU ARE READING
Now & Ever
RomanceNow & Ever ရုပ်ရှင်ကို ကြည့်မိပြီး အရမ်းကြိုက်လွန်းလို့ Yizhan Versionအနေနဲ့ပြန်ရေးမယ့် ficလေးပါ.. တချို့နေရာတွေမှာတော့ ရုပ်ရှင်နဲ့ မတူနိုင်ပါဘူး. တစ်ခုသတိပေးချင်တာက တော့ ရုပ်ရှင်ကို အရင်ကြည့်ပြီးမှ ဒီ ficလေးကို ဖတ်ပေးကြဖ...