Part -10 (ZC & Uni)

3K 271 0
                                    

Yiboရဲ့ ခြေထောက်မှ ဒဏ်ရာ လေးတွေကို ကြည့်ကာ သူ့ရင်ထဲနာကျင်နေ၏..ဖိနပ် မပါပဲ လမ်း အကြာကြီးလျှောက်ခဲ့လို့ ထင်သည်..ခြေဖဝါးလေးတွေဟာ ပေါက်ပြဲနီရဲနေသည်..ဘယ်လောက်တောင်နာလိုက်မလဲ..ရေနွေးနွေးလေးနဲ့ သေချာ ဆေးကြောကာ ဆေးထည့်ပေးလို့ နာလို့ ထင်သည် မျက်လုံးလေးတွေ ပွင့်လာသည်..

"ဟင့်...ကိုကို"

"နိုးလာပြီလား ကလေး"

"ကိုကို..ကျွန်တော်လေ.. အရမ်းကြောက်သွားခဲ့တာ..ကိုကို့ကို ပြန်မတွေ့တော့မှာကိုး.."

သူ့ကို ဖက်ကာ ရင်ခွင်ထဲတိုးဝင်ရင်း အသံလေးတွေတုန်ရီစွာဖြင့် ပြောသည်..သူက Yibo ဆံပင်လေးတွေကို ညင်သာစွာ နမ်းရှိုက်ကာ..

"ကိုကို ရှိပါတယိ ကလေးရယ်..ဘာမှမကြောက်နဲ့တော့နော်..ပြီးတော့ ကိုကို တောင်းပန်ပါတယ်.. ကိုကို့ရဲ့အမှားပါ..ကလေးထွက်သွားတာတောင်ကိုကို မသိလိုက် ဘူး.ည က ကိုကိုလေ ကလေးကို ပြန်မတွေ့ခငိအထိ ရူးမတက်ပဲ..ကိုကို့ကမ္ဘာကြီး ပျက်စီးသွားသလိုပါပဲ ကလေးရယ်"

"ကိုကိုရယ်.ကိုကို့ အပြစ်မဟုတ်ပါဘူး..ကျွန်တော်က တောင်းပန်သင့်တာ..ကျွန်တော့်လို စိတ်အခြေ အနေ မကောင်းတဲ့သူကို ကိုကို လက်ထပ်ထားလို့ ဒီဒုက္ခတွေခံနေရတာ"

"အဲ့လိုမတွေးပါနဲ့ ကလေးရယ်..ကိုကိုက ကလေးကို လက်ထပ်ခဲ့တာကို ဒုက္ခ ရယ်လို့ မထင်ခဲ့ပါဘူး"

"ကိုကို့ကို ကျွန်တော် ချစ်တယ်.."

"ကိုကိုလဲ ကလေးကို အရမ်းချစ်တယ်"

ခေါင်းလေးမော့ကာ သူ့ နှုတ်ခမ်းကို ထိခတ်လာသည့် ကလေး နှုတ်ခမ်းတို့ကိုဆွဲယူကာ အနမ်းရှည်ရှည်တို့ကို ဖနိတီးမိသည်..

"ကိုကို.."

"ဗျာ"

"ကျွန်တော်တို့ Londonသွားရအောင်..Anniversary အထိမ်းအမှတ် အနေနဲ့လေ"

"ကလေးရယ်..ကလေးမှ နေမကောင်းတာ"

"ခရီးထွက်လိုက်ရင် သက်သာသွားမှာပါ ကိုကိုရယ်..ကျွန်တော်က အစထဲက ကိုကို့ကို Anniversary အထိမ်းအမှတ် အနေနဲ့ Londonသွားဖို့ အားလုံးစီစဉ်ပြီးသား..ကိုကိုပဲLondonအရမ်းသွားချင်တာဆို..သွားကြမယ် နော်..ကိုကို.."

Now & EverWhere stories live. Discover now