"ဘာစားချင်လဲ Yibo"
"Zhan Ge ကြိုက်တာ စားပါ..ကျွန်တော်က ဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်"
"Yiboမှာ ကြိုက်တဲ့စားစရာမရှိဘူးလား"
"ထွေထွေထူးထူးမရှိပါဘူး.."
"Yibo အိမ်မှာတစ်ယောက်ထဲနေတော့ ဘာတွေစားလဲ..ကိုယ်မေးချင်တာ က ထမင်းချက်စားလားလို့"
"ဟင့်အင်း..ကျွန်တော် Ready madeတွေပဲစားတာ"
"Yiboရယ်.."
Xiao Zhan ကရုဏာ သက်စွာဖြင့် Yiboနာမည်လေးကိုတိုးတိုးရွတ်မိလိုက်၏..ဘယ် ဘဝရေစက်ကြောင့်လဲမသိပေမယ့် သူ ဒီကောင်လေးကို မြင်မြင်ချင်းသံယောစဉ်တွယ်မိ၏
Xiao Zhanကားရပ်လိုက်သည့် နေရာကို ကြည့်လိုက်တော့ ထမင်း ဆိုင်တစ်ဆိုင်
"ဒါက.."
"Yiboကို ထမင်းဟင်းစားစေချင်လို့.ဒီဆိုင်က လက်ရာက အိမ်ချက်လက်ရာနဲ့အရမ်းတူတယ်..Ge ဆို အထက်တန်း ကျောင်းသားဘဝတုန်းက ဒီဆိုင်မှာလာစားနေကြ"
Xiao Zhan က ပြုံးရင်းနဲ့ ပြော၏..
"လာ Yibo"
Xiao Zhan ကYiboကိုပြောကာအရှေ့မှ ဦးဆောင်ဝင်သွား၏..
"ဟယ်..သားလေး..မတွေ့တာတောင်တော်တော်ကြာပြီနော်"
ဆိုင်ရှင် အန်တီကြီးက Xiao Zhanကို မြင်တော့ ဝမ်းသာအားရ ပြော၏..
"ဟုတ်တယ်..အန်တီ ကျွန်တော်နိုင်ငံခြားမှာ ကျောင်းသွားတက်နေလို့ပါ"
"ဟုတ်လား..သားက တော်လိုက်တာကွယ်"
"ကျွန်တော်မှာနေကြ ဟင်းတွေ အန်တီမှတ်မိတယိမလား..အဲ့ဒါတွေပဲ ချနော်"
"မှတ်မိတာပေါ့ သားရယ် ခဏစောင့်နော်..အန်တီ ရှယ် ချက်လာပေးမယ်"
"ဟုတ်ကဲ့..ကျေးဇူးပါ အန်တီ"
Yiboက သွားဖုံးလေးတွေပေါ်တဲ့ အထိ ရယ်ကာပြောနေသော Xiao Zhanကို ငေးနေမိ၏..
BẠN ĐANG ĐỌC
Now & Ever
Lãng mạnNow & Ever ရုပ်ရှင်ကို ကြည့်မိပြီး အရမ်းကြိုက်လွန်းလို့ Yizhan Versionအနေနဲ့ပြန်ရေးမယ့် ficလေးပါ.. တချို့နေရာတွေမှာတော့ ရုပ်ရှင်နဲ့ မတူနိုင်ပါဘူး. တစ်ခုသတိပေးချင်တာက တော့ ရုပ်ရှင်ကို အရင်ကြည့်ပြီးမှ ဒီ ficလေးကို ဖတ်ပေးကြဖ...