Yiboတို့ အိမ်လေးက အခု စည်ကားနေသည်..ကိုကို က ဆေးရုံမှာ မနေချင်ဘူးဆိုကာ အတင်း ပြန်ဆင်းလာသည်..အရင်လို အိမ်မှာပဲ နေသည်..ကျန်းမာရေး ကြောင့် ဆေးမကု ရသည့်ဆရာဝန် ကိုကို ဟာ တစ်နေကုန် အိမ်မှာ တစ်နေကုန် Yiboနဲ့ နေကာ သူ့ကို ဂျီတိုက်သည်..ဒီနေ့တော့ ကို ကို ပျော်အောင်ဆိုပြီး Zhoucheng Geတို့နဲ့ အတူတူ ဝိုင်းဖွဲ့ စားသောက်ဖို့ပြင်ဆင် ထားကြသည်..ပို ထူးခြားသွားအောင် Yibo က သူ့ကို ကိုကို လက်ထပ်ခွင့်တောင်းတဲ့ နေ့က လူတွေအားလုံးကို တစ်ယောက်မကျန် ဖိတိ ထားသည်..
"ဦးဦး Zhan".
Zhoucheng နဲ့ ဇီရွမ်း Ge ရဲ့ ကလေးနှစ်ယောက်က ကိုကို့ကို မြင်တာနဲ့ ပြေးဖက်သည်..ကိုကိုကလဲ ကလေးတွေနဲ့ ရယ်မောကာ ဆော့နေသည်..
"Zhan နေကောင်းတယ်မလား"
လက်ထပ်ပြီးခါစ ပူပူနွေးနွေး ရှင်းယီတို့ဇနီးမောင်နှံလဲ လာကာ ကိုကို့ကို နှုတ်ဆက်သည်..
"ကောင်းပါတယ်ဟ..နင်ရောအဆင်ပြေလား"
"ပြေမှ ပြေ ဟ..ပြေဆို အခု ငါ့မှာ ကိုယ်ဝန်နှစ်လတောင်ရှိနေပြီ"
"ဟား ဟား..မြန်လိုက်တာ...Congratulations ပါရှင်းယီ"
"ကျေးဇူးပါ..ငါ့ ကလေးလေးကို နင်သာမွေးပေးနိုင်ရင်သိပ်ကောင်းမှာ"
ွှရှင်းယီ စကားကြောင့် ကိုကိုမျက်နှာလေး ပျက်သွားသည်..
"ကိုကို..ရှင်းယီ ကျဲ လာလေ..စား ကြရအောင်"
Yiboက စကားစ ကို ဖြတ်လိုက်သည်..သူငယ်ချင်းတွေကြားထဲ စလိုက်နောက်လိုက် ရယ်မောနေသော သူ့ကို ကိုကိုက ကြည်နူးစွာ ကြည့်နေသည်..သူက ကိုကို့ကို ချစ်မြတ်နိုးစွာ ပြန် ကြည့် လိုက်ပြီး လက်နှစ်ဖက်က လက်စွပ်လေးတွေကို ပြလိုက်သည်..ညာဘက်လက်သူကြွယ်မှာ စေ့စပ်လက်စွပ်နဲ့ လက်ထပ်လက်စွပ်ကို ထပ်ဝတ်ထားပြီး ဘယ်ဘက်လက်သူကြွယ်မှာ Anniversary အထိမ်းအမှတ် အဖြစ် ကိုကို ပေးထားသည့် လက်စွပ်..ကိုကို က သူ့ကို ကြည့်ကာ ရယ်သည်..သူ့ကို လက်ထပ်ခွင့်တောင်းတုန်းက ကြည့်သည့် မပြောင်းလဲသည့် မျက်ဝန်းတွေနဲ့ ပြန် ကြည့်ကာ..
"I love you"
ဟု ခပ်တိုးတိုး ပြောသည်..သူလဲ မျက်ရည်တွေဝဲလာပြီး..
YOU ARE READING
Now & Ever
RomanceNow & Ever ရုပ်ရှင်ကို ကြည့်မိပြီး အရမ်းကြိုက်လွန်းလို့ Yizhan Versionအနေနဲ့ပြန်ရေးမယ့် ficလေးပါ.. တချို့နေရာတွေမှာတော့ ရုပ်ရှင်နဲ့ မတူနိုင်ပါဘူး. တစ်ခုသတိပေးချင်တာက တော့ ရုပ်ရှင်ကို အရင်ကြည့်ပြီးမှ ဒီ ficလေးကို ဖတ်ပေးကြဖ...