"ဒီနေ့ ဘာလို့ အစောကြီး ဆေးရုံသွားမှာလဲ ကိုကို"
Xiao Zhan ရှပ်အကျီင်္မှ ကြယ်သီးတို့်ကို တပ်ပေးရင်း Yiboကမော့ကာ မေး၏..
"Operation တစ်ခုရှိလို့ပါ"
င
"သြော်..မနက်စာ စားသွားဦးလေ ကိုကို..""မစားတော့ဘူးကလေး..ကိုကို အရေးကြီးလို့..နောက်ကျမှာစိုးလို့. ကိုကိုသွားပြီနော်..မွှ"
သူ့နဖူးကို နမ်းကာ ကိုကိုက လက်ဆွဲအိတ်ကို ယူကာ ထွက်သွား၏..ကိုကို အောက်ရောက်သွားသည် ဆိုတာ သေချာတော့မှ Yibo က ကမန်းကတမ်း ဗီရိုထဲမှ Hoodie တစ်ထည်ကို ကောက်ယူကာ ဝတ်လိုက်၏..တုန်ရီနေသော လက်တို့ကို ထိန်းကာ ဆေးဘူးကို ယူကာ သောက်လိုက်၏..အောက်ကို အမြန်ပြေးဆင်းလာပြီး ဂိုဒေါင်ထဲမှကားကို ထုတ်သည်..သူကားမမောင်းတာကြာပြီး. အဆင်ပြေလောက်မှာပါ..စတီယာပေါ်တင်လိုက်သော လကိတို့က အနည်းငယ် တုန်ရီနေသောကြောင့် အသက်ကို ခပ်ပြင်းပြင်းရှုထုတ်ကာ ထိန်းလိုက်၏..ညက ကိစ္စကို အဖြေရှာရမည်..Yiboရဲ့ ကားအဖြူလေးဟာ ရှေ့မှ သွားနေသော Xiao Zhanရဲ့ ကားအနက်လေးနောက် မသိမသာ လိုက်နေ၏..တစ်နေရာအရောက်မှာ ကိုကို့ကားဟာ မြင်ကွင်းထဲမှ ပျောက်သွားသည်..ပြသနာတော့မရှိပါ..ညက လိပ်စာကို သူမှတ်ထားသည်..ကိုကို ဦးတည်ရာက ဆေးရုံမဟုတ်ဘူးဆိုတာ သူ သိနေခဲ့သည်..
တစ်ထပိတိုက် အဖြုရောင် အပုလေး..ခြံရှေ့မှာ သစ်ရွက်တွေက လေနဲ့အတူကြွေနေသည်..ခြံထဲမှာ ကိုကို့ကားကို မြင်နေရသည်..ကားပေါမှYiboဆင်းကာ ပိတ်မထားသော ခြံတံခါးကို အသာတွန်းဖွင့်ကာ ဝင်လိုက်၏..အိမ်ရှေ့ပေါက်ဝမှာ ကိုကို့ ဖိနပ်နဲ့ မိန်းမဖိနပ်တစ်ရံဟာ ယှဉ်တွဲလျှက်သား..တံခါးက စေ့ရုံတင် စေ့ထားသောကြောင့် သူ အသာချောင်းကြည့်မိတော့.ုဧည့်ခန်းထဲဆိုဖာပေါ်မှာ ကိုကို ဟာ Yiboကိုကျောပေးထိုင်နေသည်..ကိုကို့ရှေ့မှာ ရွှေရောင်ဆံပင်ရှည်တွေဖြင့် ရှင်းယီ..ကိုကိုဟာ သူမလက်မှာ လက်စွပိကို အသာ စွပ်ပေးလိုက်သည်.."မင်းလက်ခံမှာလား ရှင်းယီ".
"လကိခံပါတယ် Zhanရယ်..Zhanကို မငြင်းရက်ပါဘူး"
"ကိုယ် အရမ်းဝမ်းသာတာပဲကွာ"
ကိုကိုဟာ သူမ လက်ကို နမ်းရှိုက်ကာ သူမကို ရင်ခွင်ထဲထွေးပွေ့ထား၏..မြင်ကွင်းကို ကြည့်နေခဲ့တာ Yiboခြေထောက်တွေဟာ ခွေ ကျသွားခဲ့သည်..လုပ်ရက်လိုက်တာ ကိုကိုရယ်..ရက်စက်လိုက်တာဗျာ..ကျွန်တော့်မှာ ကိုကို တစ်ယောက်ထဲရှိတာလေ..
YOU ARE READING
Now & Ever
RomanceNow & Ever ရုပ်ရှင်ကို ကြည့်မိပြီး အရမ်းကြိုက်လွန်းလို့ Yizhan Versionအနေနဲ့ပြန်ရေးမယ့် ficလေးပါ.. တချို့နေရာတွေမှာတော့ ရုပ်ရှင်နဲ့ မတူနိုင်ပါဘူး. တစ်ခုသတိပေးချင်တာက တော့ ရုပ်ရှင်ကို အရင်ကြည့်ပြီးမှ ဒီ ficလေးကို ဖတ်ပေးကြဖ...