"Aiyah! ဘယ်လိုဖြစ်လာတာလဲ "
အတန်းထဲက သူငယ်ချင်းတွေ လန့်သွားတော့ ဘာများလဲဆိုပြီး ပြတင်းပေါက်မှန်မှာ ပေါ်နေတဲ့ ကိုယ့်ပုံကိုယ် ပြန်ကြည့်မိတော့ လိမ္မော်ရောင် Hoddie ကို အနီရောင် Addidas ဘောင်းဘီနဲ့တွဲဝတ်လာမိတယ် ။ မျက်နှာပြောင်မှာမှ ညိုနေတဲ့ မျက်ကွင်းတွေက အထင်းသား.... အစ်နေတဲ့ မျက်လုံးတွေကို မျက်မှန်အဝိုင်းလေးတပ်ကာ ဖုံးထားမိပြီး ရှေ့ဆံပင်လိတ်တဲ့အလိတ်တောင် မဖြုတ်ဘဲ တပ်ထားလျက်သားမို့ ဆွဲဖယ်ရင်း လွယ်အိတ်ထဲသာ ထည့်လိုက်သည် ။
"သန့်စင်ခန်းခဏသွားလိုက်ဦးမယ် "သန့်စင်ခန်းထဲက မှန်မှာပေါ်နေတဲ့ ကိုယ့်မျက်နှာကိုယ်ကြည့်ပြီး စိတ်ပျက်မိတယ် ။ ရုပ်ဆိုးလိုက်တာ ... ဒါကြောင့်လည်း ကိုကိုမချစ်တာနေမှာ ။ အမှန်ပဲ ။ ကိုကိုက တခါမှ ငါ့ကိုချစ်တယ်လို့မှ မပြောဖူးတာ ။ ငါက ရုပ်ဆိုးနေတာကိုး ။ လွယ်အိတ်ထဲကနေ မိတ်ကပ်အိတ်ကို ထုတ်ကာ ပြင်နေသော်လည်း ကြည့်ကောင်းလာသည်ဟုပင် မခံစားရသည်မို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကာ အတန်းထဲ ပြန်လာခဲ့သည် ။ ဒီနေ့တစ်နေ့လုံး Fine arts အချိန်ပဲလေ ။ အရင်ကလိုတော့ စိတ်ပါမနေဘူး ။
"Yah! ဘာတွေလုပ်နေတာလဲ "
အတန်းဖော်ကောင်မလေးရဲ့အသံကြောင့် သတိပြန်ကပ်မိချိန်မှာ Canvas ပေါ်မှာတော့ သုံးစားမရတဲ့ပုံတစ်ပုံ ရှိနေပြီ ။ သတိလက်လွတ်ပဲ အနီရောင် ဆေးတွေကို မညီမညာသုတ်နေမိတာ ။
"ငါအိမ်ပြန်ချင်ပြီ.... "
တိုးတိုးလေးပြောတာပေမယ့် သူမက ကြားသွားသည် ။
"အခုချက်ချင်းတော့ ဘယ်ရမလဲ... နင်ခဏသွားနားနေလိုက်လေ... နေ့လည်လောက်ကျမှ ပြန်ပေါ့... နင်ဆိုင်ကယ်ရော မောင်းနိုင်ရဲ့လား "
"Bus ကားနဲ့လာတာ "
သူမကို ရှင်းပြပြီး စာကြည့်တိုက်ရှိရာကို ထွက်လာခဲ့သည် ။
"Baekhee ah... နှုတ်ဆက်လိုက်လေ .. အဲ့ဒါ Chanyeol ရဲ့ သတို့သမီး "
Sehun Oppa မိတ်ဆက်ပေးတဲ့ အမျိုးသမီးက စစ်သားဝတ်စုံနဲ့တောင် အတော်ဆွဲဆောင်မှုရှိသည် ။ တစ်ယောက်ယောက်နဲ့တူသလိုပဲ ။ ကိုကို့လက်ကို မလွှတ်တန်း ဆုပ်ကိုင်ထားချိန်မှာ ကိုကိုကလည်း ပြုံးနေသည် ။ သူမက စစ်တပ်ထဲက ဆေးဗိုလ်ကြီးတဲ့လေ ။ ဒီလို အရပ် ဒီလိုရုပ်ရည်ကို သေချာကို မြင်ဖူးနေသည် ။