ကိုကို စစ်မှုထမ်းတာ ပြီးသွားတော့လည်း ဘာမှထွေထွေထူးထူးပြောင်းလဲမသွားပါ ။ ကိုကိုက သူစုဆောင်းထားတာတွေနဲ့ Motocycle နဲ့ Racing နဲ့ ပတ်သတ်တာတွေ ရောင်းတဲ့ Show Room တစ်ခုဖွင့်တယ်... အဲ့ဒါအပြင် Gangnam က Hair Salon တစ်ခုကိုလည်း ဝယ်လိုက်တယ်... ပြောရရင် Hair salon က ကိုကိုတို့ သူငယ်ချင်း ၃ယောက် shareလုပ်တဲ့ လုပ်ငန်းပါ... အခုတလော အလုပ်ရှုပ်နေလို့လား မသိ Motobike Racing ကို ပြန်မစသေးဘူးရယ်... ကျွန်မကတော့ အရင်လိုပဲ ကျောင်းမှာ စံပြကျောင်းသူအဖြစ် ပန်းချီကြိုးစားဆွဲလိုက် အိမ်ရောက်ရင် ဒေါ့ဂျီလုပ်လိုက်နဲ့ပေါ့... ။ စာမေးပွဲနီးတဲ့ရက်တွေဆို ထမင်းတောင်မစားနိုင်ဘူး အပြီးသတ်ရမှာတွေ များ... group Project တွေရော ရှုပ်ရှပ်ခတ်နေတာ.... ဒါမယ့် ကိုယ်က ကံကောင်းတော့ ထမင်းရှင်က ရှိနေပြန်တယ်... ။
"မင်း ဘယ်သွားမလို့လဲ? လက်ထဲက အထုပ်တွေကရော???"
"Aww.... Baekhee ဆီ ထမင်းသွားပေးမလို့... သွားမပေးရင် သူစားမှာမဟုတ်ဘူး.. "
Ha Jun က လက်ထဲက အထုပ်တွေကို ကြည်ကြည်နူးနူးကြည့်ကာ ပြောသည် ။
"မင်း အခုထိ Byun Baekhee ကို ကြိုက်နေသေးတယ်မလား? "
မေးတဲ့ Seok woo ကလည်း သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး ဖြစ်တဲ့အပြင်... သူကိုယ်တိုင် Baekhee အကြောင်းတွေ စုံစမ်းပေးထားတာဆိုတော့ လျှိုမနေဘဲ
"အင်း.... ကြိုက်တယ်လေ "
"ဒါဖြင့် ဘာလို့ ဖွင့်မပြောတာလဲ... မင်းတို့ သိတာလည်း ကြာနေပြီကို "
"ကြိုက်တိုင်း ဖွင့်ပြောရမှာလား... ငါ့အတွေးကတော့ ဖွင့်ပြောတယ်ဆိုတာက ၂ဦး၂ဖက် ခံစားချက် သေချာမှ ပွဲသိမ်းဂိုးအနေနဲ့ သွင်းရတာ.. မဟုတ်ရင် အကုန်ဆုံးရှုံးရတတ်တယ်ကွ... အခုလည်း ငါပျော်ရွှင်နေရတယ်လေ... တော်ပြီပေါ့... သွားတော့မယ် .. ဟင်းတွေ အေးကုန်မှာစိုးလို့... "
ခပ်သွက်သွက် ထွက်သွားတဲ့ Ha Jun ရဲ့ ကျောပြင်ကို ကြည့်ရင်း Seok Woo သက်ပြင်းချမိသည် ။ Ha Jun က ဘယ်လိုပဲဖစ်ဖစ် အချစ်ခံထိုက်တဲ့သူပါ.... ။ အခုလို ကျောင်းသားတိုင်း အပြေးအလွှား စာလုပ်နေချိန်မှာတောင် သူက ထမင်းပြေးကျွေးနိုင်သေးတဲ့အထိ သူ့မေတ္တာတရားက ကြီးမားပါတယ်.. သူများကိုသာ ထမင်းသွားကျွေးတာ သူကျ အချိန်မရလို့ Sandwich နဲ့ပဲ ၂ပါးသွားနေရတာ မျက်မြင်မလို့ မကျေမနပ်လည်း ဖြစ်မိသည် ။ Byun Baekhee က နည်းနည်းမှကို မရိပ်မိဘူးလား ။ ပြောရရင် ကျောင်းကို ဆိုင်ကယ်ခပ်မိုက်မိုက်မောင်းပြီး လာလေ့ရှိတဲ့ Baekhee ဆိုသူကို သဘောကျတဲ့သူတွေ အများအပြားရှိပါတယ် ။ ဒါမယ့် Baekhee က အေးဆေးနေတတ်သူဖြစ်ပုံပေါ်တာမို့ ဘယ်သူမှတော့ တရားဝင်လိုက်ခြင်းမရှိဘူး ။ ကြိုဆိုပွဲနေက သူ့ရည်းစားလာကြိုတယ်ဆိုတဲ့ သတင်းကြောင့် တပ်ဆုတ်သွားကြတာဖြစ်မည် ။ အဲ့ထဲမှာမှ Ha Jun သည် Baekhee ကို ချဉ်းကပ်ခဲ့သူဖြစ်ပေလိမ့်မည် ။ နည်းလမ်းမျိုးစုံ ဇာတ်ကွက်မျိုးစုံ ခင်းပြီးနောက်မှာ Baekhee က သူနဲ့အရင်းနှီးဆုံးဖြစ်လာခဲ့တာပါ ။ တချို့ကောင်လေးတွေ ကြေကွဲတာပေါ့ ။ ဒီလိုမှန်းသိရင် ငါတို့လည်း လိုက်ပါတယ် ဘာညာနဲ့ ကြိမ်းဝါးကြတာပေါ့ ။ ကျောင်းမှာ Baekhee ရဲ့ ချစ်သူက တခါပဲမြင်ဖူးတော့ ပြတ်သွားသလား ။ နဂိုတည်းက မရှိတာလား ဇဝေဇဝါနဲ့ဖြစ်နေတော့ Ha Jun ကပဲ သူ့ချစ်သူလိုလို ကောလဟာလတွေလည်း ရှိတယ် ။ ဘယ်လောက်ပဲ ကောလဟာလထွက်ထွက် ကာယကံရှင်တွေက ဘာမှမတုန့်ပြန်တော့ တချို့တွေဆို တကယ်လို့ကို ထင်နေတာ ။ Ha Jun တို့ မေဂျာက ဆရာတွေဆို Ha Jun ပျောက်သွားတာနဲ့ ဂျူနနီယာတွေကို Baekhee တို့အဆောင်ဘက် လွှတ်ပြီး ခေါ်ခိုင်းရတဲ့အထိ သူက ၂မေဂျာရွှေလမ်းငွေလမ်းဖောက်နေတာလေ ။