Episode 11

1.8K 142 4
                                    

"Happy Birthday Baekee ''

အိပ်ခန်းတံခါးဖွင့်လိုက်တော့ အခန်းဝမှာ ရပ်နေကြတဲ့ ၃ယောက်သား... Jongin လက်ထဲမှာ အမှုံလေးတွေထွက်တဲ့ စက္ကူဗူးလေးကို ကိုင်ထားပြီး တက်တက်ကြွကြွပင် အော်သည် ။ Sehun က တော့ လက်ထဲမှာ Happy Birthday ဆိုတဲ့ Banner ကို မကျေမနပ်ပုံစံဖြင့် အတင်းအကြပ်ခိုင်းလို့ လုပ်ရတဲ့ပုံစံနဲ့ကိုင်ကာ ရပ်နေသည် ။ လက်ထဲမှာ Cake ကို ကိုင်ကာ ရပ်နေတဲ့ Chanyeol ဟာ Hoddie အနက်နဲ့ ခေါင်းပါစွတ်ပြီး မှောင်မိုက်နေပုံက ညဘက်များတွေ့ရရင် သေမင်းနဲ့တောင်မှားပြီး လန့်သေမယ့်အဖြစ် ။ Baekee က ဆုတောင်းပြီး ဖယောင်းတိုင်တွေ မီးမှုတ်တော့ လက်ထဲကို စက္ကူအိတ်၂ခု ရောက်လာသည် ။ တစ်ခုကတော့ သူမရဲ့ Hero Jongin ပေးတာဖြစ်ပြီး နောက်တစ်ခုကတော့ မကျေမနပ်အတင်းထိုးပေးလာသော Sehun ရဲ့လက်ဆောင် ။

"ဖိနပ်ဝယ်လာတယ်.. Size က Chanyeol ကို မေးပြီးဝယ်ထားတာဆိုတော့ တော်ရဲ့လာဝတ်ကြည့်ဦးနော် "

Jongin က လက်ဆောင်အကြောင်း ပြုံးပြီးရှင်းပြကာ ပေးလာသည်မို့ သူမလည်း ပြုံးပြီးယူလိုက်သည် ။ ထိုစဉ်သူမဆီကို နောက်တစ်အိတ် ဘက်ကနဲ ရောက်လာသည် ။ ပေးတဲ့လူက လက်ထဲထိုးထည့်ပြီး ဆိုဖာမှာပြန်ထိုင်နေသေးသည် ။ သူမအိတ်ကိုဖြဲကည့်လိုက်တော့.. ရောင်စုံ ဒီဇိုင်းစုံပြီး အစုံ ၃၀.. ၄၀ လောက်ရှိမယ့်

"ခြေအိတ်တွေ.. Jongin က ဖိနပ်ဝယ်ပေးတော့ လိုက်ဖက်မှုရှိအောင်လို့ .. ကြိုက်ရင်သုံး မကြိုက်လည်း ကြိုက်သလိုသာလုပ် "

"ဘာလို့..အဲ့လောက်အများကြီးလဲ .. မင်းကလဲ "

Jongin အပြောကို Sehun က ကိတ်ရဲ့ cream ကို ယူစားရင်းပြန်ချေပသည်။

"ဘယ်ဟာယူရမှန်းမသိလို့ အကုန်ထည့်ခိုင်းလိုက်တာ "

အခုချိန်ထိ တစ်ခွန်းမှ မပြောသေးတဲ့ Chanyeol က အခုမှ စတင်ပြီး ပြောလာသည် ။

"ပြီးရင် အဝတ်လဲ.. ဒီနေ့ Amusement park လိုက်ပို့ပေးမယ်... "

အဲ့စကားကြောင့် ရေခဲသေတ္တာထဲက အအေးတွေထုတ်သောက်နေတဲ့ Sehun တို့ ၂ယောက်သား ဖွီးကနဲ ဖြစ်သွားရသည်။

"ငါမရယ်ချင်ဘူး Jongin ရာ.. တစ်သက်လုံး Bar နဲ့ Club ကလွဲရင် မသွားတဲ့ကောင်က ကလေးကစားကွင်းတဲ့ ဟားဟားဟား "

She Is A Baby (ChanBaek)Donde viven las historias. Descúbrelo ahora