[Zawgyi version]
"Aeri ah... အဆင်သင့်မဖြစ်သေးဘူးလား... "
Chanyeol အသံကြောင့် Aeri ကပြေးထွက်လာသည်....
"ဝါး..... ကျောင်းဝတ်စုံနဲ့ လိုက်ဖက်နေတာပဲ "
"ဒါမယ့် တခြားကျောင်းကဝတ်စုံထက်စာရင် သိပ်မလှသလိုပဲ... "
သူမရဲ့ ကျောင်းဝတ်စုံကို ဆွဲချကာ ပြောသည်... Chanyeol က သူမကို ချစ်စဖွယ်ခေါင်းလေးပုတ်ရင်း
"အဆင့်သင့်ဖြစ်ရင် သွားကြမယ်... Omma တောင် ကားပေါ်ရောက်သွားပြီ "
ကျောင်းရှေ့ရောက်တော့ Chanyeol က ရဲယူနီဖောင်းနဲ့ ဝင်သွားတဲ့ လူကို တွေ့တော့...
"Aeri ah... ရဲက ကျောင်းမှာ ဘာလို့ရှိနေတာလဲ "
"အခုနောက်ပိုင်း အထက်တန်းကျောင်းတွေမှာ ထားတယ် Appa ရဲ့... ကျောင်းတွင်းအကြမ်းဖက်မှုမဖြစ်အောင်နဲ့ ကျောင်းမှာ မသမာမှုတွေမရှိအောင်ထားတာ... Omma Appa ..Aeri ကျောင်းအပ်လိုက်ဦးမယ်.. Omma တို့ အထဲဝင်နှင့်နော်.... "
ခပ်သုတ်သုတ်ပြေးသွားတဲ့ Aeri ကို ကြည့်ပြီး Chanyeol သက်ပြင်းချမိသည်..
" Aeri က ဘယ်တုန်းက ဒီလောက်အရွယ်ရောက်သွားတာလဲ... "
ဒီနေ့ဟာ သူမ အထက်တန်းစတက်မယ့်နေ့ဖြစ်တာမို့ ကျောင်းမှာ မိဘတွေနဲ့အတူ ပွဲလေးလုပ်တဲ့အတွက် မိဘတွေလာခြင်းပါ..
"ဘာလို့လဲ Aeri အိမ်ထောင်ပြုမှာ အခုကတည်းက စိတ်ပူနေတာလား "
Chanyeol ဘာမှပြန်မပြောပေမယ့် Baekhee သေချာသိနေသည်... Chanyeol သည် Aeri ကို တခြားယောက်ျားလေးနဲ့တွဲမြင်ရမှာကို မလိုလားသူလေ... သူ့သမီးကလည်း လုံးဝကို အမေ့ခြေရာအပြည့်နင်းတာ... သူများကလေးတွေက ဖေဖေနဲ့လက်ထပ်မယ်ပြောနေချိန်မှာ Aeri က ဘယ် idol နဲ့ လက်ထပ်မယ် ဘာညာနဲ့ အသံကောင်းဟစ်နေပြီ.... သူများတွေ ကစားစရာပူဆာပြီးငိုနေချိန် Aeri က Idol လက်မှတ်သွားတောင်းနေပြီ... အဲ့လိုတေ သူများထက်သာတာ...
ကျောင်းက ကြိုဆိုပွဲအပြီးမှာ ၂ယောက်ရှိရာဆီသို့ လျှောက်သွားပြီး Aeri ကို အပ်မလို့ စကားစမည်ပြောရန်သွားတော့.....
"ဟာ.. ဟာယွန်း????? "
"Arjashi ...... "
ရဲယူနီဖောင်းနဲ့ သပ်ရပ်နေမှုကြောင့် ငယ်ရုပ်ကိုပင်မနဲမှတ်မိအောင် ကြည့်ယူရသည်....