တိတ်ဆိတ်နေသော အိမ်ကိုခြေချလိုက်သည်နှင့် စားပွဲပေါ်တွင်တင်ထားသော ခေါက်ဆွဲပြုတ်ပန်းကန်ကို တွေ့လိုက်ရသည် ။ Baekhee ရဲ့ အခန်းတံခါးကို အသာတွန်းဖွင့်ကြည့်တော့ စာကြည့်စားပွဲမှာ စာကြည့်မီးထွန်းလျက် စာလုပ်ရင်း အိပ်ပျော်နေတဲ့သူမ.. ။ ဘာလိုလိုနဲ့ သူမတောင် တက္ကသိုလ်ဝင်ခွင့် ဖြေရတော့မယ် ။ သူမက စာတွေ့တုန်းကလို ဆံပင်နားရွက်အောက် တိုကပ်ကပ်နဲ့ ချစ်စရာကောင်မလေးထက်ပိုလွန်ကာ လှပတဲ့ မိန်းမပျိုလေး ဖြစ်လာခဲ့သည်။ ကျောလည်လောက်ရှိလာတဲ့ ဆံပင်ရှည်တွေကတော့ ကျွန်တော်အမြတ်နိုးဆုံးအရာပါပဲ ။ ကျွန်တော်က သူမကို ကလေးတစ်ယောက်အဖြစ် အရာတိုင်းကို ကိုယ်တိုင်လုက်ပေးချင်မိပေမယ့် သူမက အတောင်ပံ စုံစပြုနေတဲ့ ငှက်တစ်ကောင်ဖြစ်လာလေပြီ ။ သူမ အမှီခိုကင်းကင်းနဲ့ နေနိုင်လာလေ ကျွန်တော်ပိုပြီးကြောက်ရွံ့မိလေပါပဲ ။ ကျွန်တော်က ကျွန်တော် Card ထဲက ပိုက်ဆံတွေ သူမအသုံးပြုတဲ့ Message တွေဝင်တိုင်း ပျော်ရွှင်မှုတစ်ခုခံစားခဲ့ရသည် ။ အချိန်ပိုင်းအလုပ်လုပ်မယ့်သူမကို နည်းလမ်းမျိုးစုံနဲ့ တားမြစ်ခဲ့ဖူးသည်မို့ တက္ကသိုလ်တက်ရင်တော့ အချိန်ပိုင်းအလုပ်လုပ်ကိုလုပ်မည်ဟု သူမက ပြောသည် ။ ကျွန်တော့်ဆန္ဒကတော့ သူမကို တစ်သက်လုံး ကျွန်တော့်ကို မှီခိုစေချင်တာပါ ။ ကျွန်တော့်မှာ ရှိတဲ့အရာအားလုံးကို သူမအတွက်လို့ သဘောထားပြီးသားပါ ။ သူမဆီကနေ ပြန်လိုချင်တာကလည်း ချစ်ခြင်းမေတ္တာ တစ်ခုတည်းပဲ ။ ကျွန်တော်က ကောင်းတဲ့သူမဟုတ်ခဲ့တော့ ဝဋ်လည်မှာစိုးတယ် ။ အစကတော့ သူမကိုလည်း အရင်ကောင်မလေးတွေလို ခဏလောက်အသစ်အဆန်းအနေနဲ့ တွဲကြည့်မယ်.. နောက်တော့လည်း ထားခဲ့လိုက်မယ်လို့ ခပ်ပေါ့ပေါ့တွေးခဲ့တာပါ ။ ဒါပေမယ့် အမှန်တိုင်းဝန်ခံရရင် သူမက ကျွန်တော်နဲ့ တန်တောင်မတန်ပါဘူး ။ သူမက ဖြူစင်လွန်းတယ် ။ ဘေးလူကို စိတ်မညစ်စေရဘူး ။ သူမ စိတ်မကောင်းဖြစ်နေရင်တောင် ထုတ်မပြောဘူး ။ သူမကိုလည်း တခြားမိန်းကလေးတွေတုန်းကလို လုပ်ချင်ရင်ရပေမယ့် သူမကို လက်ဖျားနဲ့တောင်မထိရက်ခဲ့ဘူး ။ ဒါကြောင့်လည်း ပထမဆုံးအနမ်းဆိုတာက မနှစ်ကမှ ဖြစ်ပေါ်လာခဲ့တာပေါ့ ။ ဒါမယ့် သူမကို ကလေးလို့ပဲ သဘောထားခဲ့တာတော့ မဟုတ်ပါဘူး ။ စတွေ့တုန်းက ကျွန်တော့် Type မဟုတ်တဲ့ လှလည်းမလှတဲ့ကောင်မလေးကို ချစ်မိသွားလိမ့်မယ် မထင်ထားခဲ့ဘူး ။ အခုတော့ သူမက မလှတဲ့ကောင်မလေး မဟုတ်တော့တာမို့ ဘယ်သူမဆို ကျွန်တော့်လက်ထဲကနေ လုယူနိုင်တယ်လေ ။ ကျွန်တော်ကလည်း ဘယ်မိန်းကလေးကိုမှ ဂရုစိုက်ဖူးတာမဟုတ်တော့ ဂရုစိုက်ပြရမှာ ချစ်ပြရမှာ ကျွန်တော့်အတွက် အခက်ခဲဆုံးပဲ ။ သူလိုအပ်တာကို ချက်ချင်းဝယ်ပေး ဖြည့်ဆည်းပေးနိုင်ပေမယ့် ချစ်ပြဖို့ဆိုတာကတော့ မဖြစ်နိုင်တဲ့အရာလိုပဲလေ ။
-------
"Yah...... Sport ကားနဲ့ပါလား "