Episode 9

1.9K 145 0
                                    

Oppa နဲ့ အတူရှိရတဲ့နေ့တွေဟာ ပျော်စရာကောင်းသည် ။ မနက်မနက် အိပ်ချင်မတူးနဲ့ ကျောင်းလိုက်ပို့ပေးတာရော ၊ ညနေဘက် သင်တန်းမှာ လာကြိုတာရော... ပိတ်ရက်တွေဆို အိမ်မှာ Oppa ချက်ကျွေးတာတွေ စားရတာကိုရော ။ Sehun Oppa.. Jongin Oppa တို့နဲ့ ဂိမ်းဆော့ရတာကိုရော ။ အားလုံးပျော်ဖို့ကောင်းသည်။ အချိန်ပိုင်းအလုပ်လုပ်ဖို့ ကြိုးစားတိုင်း Oppa က တားမြစ်သည် ။ စာသေချာလုပ်ပြီး တက္ကသိုလ်ကောင်းကောင်းတက်ဖို့သာ ပြောသည်။

"Oh!!!! လန့်လိုက်တာ... မျက်နှာက ဘာဖြစ်တာလဲ "

Game ဆော့နေရင်းမှ နောက်လှည့်ကြည့်လိုက်ပြီး ဖြတ်သွားတဲ့ Baekhee ကိုလည်း တွေ့ရော ရင်ဘတ်ကြီးဖိပြီး အော်ပါလေရော ။ Baekhee က မျက်နှာပေါင်းတင်တဲ့ ကပ်ခွာအမည်းကပ်ထားလို့ပါ ။ ဘယ်လိုပဲ ခဏခဏတွေ့တွေ့ .. တွေ့တိုင်းလန့်အော်တတ်စမြဲပါ။ စာလုပ်နေတဲ့အခါ ဘေးနားမှာထိုင်ပြီး ဆံပင်ကို လာဆော့နေတတ်သော Oppa...

"Yah!!! အဲ့ Tshirt အပြင်မရှိတော့ဘူးလား... ခဏခဏ ဝတ်လွန်းလို့ တော်တော်တောင်ကျယ်နေပြီ.. ဒီလိုလုပ်ထားလိုက် "

အိမ်မှာနေရင်း လည်ပင်းဟိုက်တဲ့ အဝတ်တွေ ဝတ်မိတဲ့အခါ သားရေပင်းနဲ့ တွဲချည်ပေးတတ်တဲ့ Oppa ... တစ်နေကုန် အိမ်ထဲမှာပဲ ဂိမ်းဆော့နေပေမယ့် မနက်စာနဲ့ ညစာကို မပြတ် ချက်ကျွေးတတ်တဲ့ Oppa ... ၁၀နှစ်ကြီးတယ်ဆိုပြီး တခါတလေကျရင် ကလေးလိုမျိုး ဂျစ်ကန်ကန်တွေ လုပ်တတ်တဲ့ Oppa .. Oppa မွေးနေ့ Surprise လုပ်ဖို့ဆိုပြီး Youtube ကနေ သေချာကြည့်ထားတဲ့ Cake လုပ်နည်းကို ကြည့်ကာ Jongin Oppa ကို အကူအညီတောင်းပြီး Oppa ကို အပြင်ခေါ်သွားဖို့ပြောရသည် ။ အိမ်မှာ အမြဲနေတဲ့ Oppa အတွက် အိမ်မှာ ပြင်ရမယ့် မွေးနေ့ဆိုတော့ အကူအညီတော့ယူရသည်လေ ။ သေချာပြင်ဆင်ပြီး Oppa ပြန်လာတော့ တကယ်ကို အံ့သြနေတဲ့ ပုံစံလေးကြောင့် ကိုယ်ပါပျော်ရွှင်ရတယ် ။

"ဒီကိတ်ကို မင်းလုပ်ထားတာ? တကယ်လား? ကြည့်ကောင်းသားပဲ "

"Happy 27th Birthday Oppa "

ဆိုတဲ့ စာတန်းကို အကြာကြီး ပြုံးပြီး ကြည့်နေခဲ့သေးသည် ။ Oppa ရဲ့အပြုံးတွေကို တကယ်ပဲ သဘောကျပါသည် ။ Oppa ကို ချစ်နေမိပြီထင်ပါရဲ့ ။

She Is A Baby (ChanBaek)Tempat cerita menjadi hidup. Temukan sekarang