Sequel - 3

1.2K 133 10
                                    

[Zawgyi version]

Kakao msg **
---->>
^ ဒီနေ့ သင်တန်းမရှိလို့ ကျောင်းဆင်းတာနဲ့ လာခဲ့မယ် ^

<<----
^ ၅နာရီခွဲနောက်ပိုင်းမှ ပြန်ရောက်မှာမို့ တစ်ခုခုစားပြီးမှ လာ^

"ဟီးဟီး.... "

"ဟာယွန်း... တ်ယောက်တည်း ဘာတွေပြုံးနေတာလဲ .... ပြီးတော့ ဘယ်သူနဲ့ chat နေတာလဲ "

ဆူဂျင်းကတော့ သူမနဲ့ အရင်းနှီးဆုံးသူပါ ...

"သဘောကျနေတဲ့သူနဲ့.... "

"တကယ်လား? ဘယ်သူလဲ? "

စူးစမ်းမှုနဲ့အတူ chat ကို လှမ်းကြည့်သည်...

"ဒီလိုပဲ လူတစ်ယောက်.... "

"Arjashi ♥ ဘာလဲ အသက်ကြီးတဲ့လူလား.... ချောလား... "

"အင်း... အရမ်းချောတယ် "

"ဟာဒုံထက် ချောလား... "

"ယွန်းဟာဒုံ ... ဟွန့်... တခြားစီပါနော် "

ဆူဂျင်းကို မျက်စောင်းထိုးကာ kakao profile လေးကို ခိုးကြည့်ရင်း ပြုံးလိုက်သည် ...

"ဟာဒုံနဲ့နင်တွဲနေတာ မဟုတ်ဘူးလား "

"ဘယ်ကသာ.... သူ့မှာ ရည်းစားနဲ့ "

"ဟုတ်လို့လားဟ... ယွန်းဟာ Couple ဆိုပြီး ဒီလောက်ကျောင်းမှာ နာမည်ကြီးနေတဲ့ဟာ.. ပြီးတော့ နင်တို့က ဟိုလို.. "

"အာ.... ဘယ်လိုပဲနေနေ ငါတို့ကအတွဲမဟုတ်ဘူး... ဒီလိုပဲ အဖော်ပြုပေးတဲ့ သူငယ်ချင်း... "

သူမစကားကြောင့် ဆူဂျင်းက ဘာမှဆက်မပြောတော့ဘဲ သူ့ရဲ့ idol ဆောင်းဟို ပုံလေးကိုသာ Twitter ကနေ ကြည့်နေတော့တယ်...

"ငါ.... အိပ်မက်ရှိလာပြီ "

ဆူဂျင်းက သူမလက်ထဲက ဖုန်းကို ဘေးချပြီး ဟာယွန်းနား တိုးလာကာ

"ပြောပါဦး... "

"အဲ့ဒီလူနဲ့ လက်ထပ်တာလေ... ပြီးတော့ ကလေးလည်း လိုချင်တယ် "

"အဲ့လူကရော အဲ့လိုပြောလား "

ဆူဂျင်းစကားကို သူမ ခေါင်းအတွင်တွင်ခါရင်း

"ဟင့်အင်း... ဒါမယ့် တစ်နေ့နေ့တော့ ပြောမယ်ထင်တယ်... "

တကယ်လည်း သူမ မျှော်လင့်ခဲ့တယ်... ဒီလူသားဟာ ကမ္ဘာပေါ်မှာ သူမဆီကနေ ဘာမှရယူလိုခြင်းမရှိဘဲ ဂရုတစိုက်ရှိပေးခဲ့တဲ့ တစ်ဦးတည်းသောသူလေ... ။
×××××××
"Baekhee ah.... စိတ်မဆိုးနဲ့နော်.. ပြောမှဖြစ်မှာမို့ ပြောရတာပါ "

She Is A Baby (ChanBaek)Donde viven las historias. Descúbrelo ahora