[Zawgyi version]
တီ ~ တီ ~ တီ ~ တီ ~
အိမ်တံခါး လျှို့ဝှက်နံပါတ်နှိပ်သံနဲ့အတူ အထုပ်ပေါင် သောင်းခြောက်ထောင်ဆွဲပီး ဝင်လာသူ ကိုကို...
"ကိုကို... ဘာတွေဝယ်လာတာလဲ "
"မထလာနဲ့... အဲ့မှာပဲ ထိုင်နေ "
ဧည့်ခန်းဆိုဖာပေါ်ကနေ ထပြီး ကိုကို့ဆီ လျှောက်လာမယ့် ခြေလှမ်းတွေကို ရပ်လိုက်ပြီး ပြန်ထိုင်နေလိုက်သည် ။ ကိုကိုက အထုပ်တွေနဲ့ အနားရောက်လာကာ
"ဒီမှာလေ.. လိုမယ်ထင်တာတွေဝယ်လာတာ.. "
ကိုကိုဝယ်လာတာတွေကို ကြည့်ပြီး ငိုတောင်ငိုချင်မိသည် ။ ပျော်လို့ ငိုချင်တာပါ.. ။ ကလေးနဲ့ ပတ်သတ်တာတွေ အကုန်ဝယ်လာသော ကိုကို... အင်္ကျီတွေက အစ.. အခုမှ မြေပဲစေ့လောက်ပဲ ရှိနေဦးမယ့် ကလေးအတွက် အင်္ကျီတောင် ဝယ်လာတယ်တဲ့လား ။
"ကိုကိုက ဘာမှမပြောတော့ ကိုကို မပျော်ဘူးထင်နေတာ... "
"ဘာပြောရမှန်းမသိလို့လေ... ခံစားချက်က တစ်မျိုးကြီးပဲ .. ကိုယ်ငိုတောင်ငိုမိတော့မလို့.. "
ဟုတ်ပါတယ်... ကိုကို တကယ်လည်း ငိုခဲ့တယ်..ပထမဆုံးအနေနဲ့ ကလေးရဲ့ နှလုံးခုန်သံကို ကြားတော့ ကိုကိုက ကြည်ကြည်နူးနူးပြုံးရင်း ငိုနေခဲ့တယ်.... ဒါဟာ ကျွန်မပထမဆုံးမြင်ဖူးတဲ့ ကိုကို့ မျက်ရည်တွေပါ.... ။ ဟိုအရင်အချိန်ကတည်းက ကျွန်မကို ကလေးတစ်ယောက်လို ပြုစုပျိုးထောင်လာတဲ့ ကိုကိုက အခုလို ကလေးလွယ်ထားရချိန်မှာ ပိုလို့တောင်မှ အကဲပိုနေပါသေးတယ်... ။
"တစ်နေ့တစ်နေ့ ငါ့အိမ်မှာ လာစားသောက်နေတာ ပျော်ရဲ့လား.... "
Jongin ရဲ့စကားကို ဂရုမစိုက်သလိုပဲ Chanyeol က ဆက်စားနေပြီး Jongin လည်းအနားရောက်လာရော..
"ဟာ..... ဘာနံ့ကြီးလဲ "
ဟုဆိုကာ သန့်စင်ခန်းပြေးကာ အန်တော့သည် ။ ထမင်းစားပွဲမှာ ထမင်းပြင်ဆင်နေတဲ့ Kyungsoo က သမ့်စင်ခန်းက ပြန်ထွက်လာတဲ့ Chanyeol ကို ကြည့်ကာ..
"ကိုယ်ဝန်ရှိတာက နင်လား.. Baekhee လား ကို မသဲကွဲတော့ဘူး... နင်ပဲ ချဉ်ချင်းတက်.. နင်ပဲအန်... တကယ်ပဲ နင်ကိုယ်ဝန်လွယ်ထားရတာလား.. "