အမြဲတမ်း ဆိုင်ကယ် တစ်ရမ်းရမ်းလုပ်နေသော ထိုလူကြီးသည် Professional Bike Racer ဖြစ်နေခဲ့သည် ။ Korea မှာ လုပ်သမျှ bike racing championship တွေမှာ ဆုတံဆိပ်တွေချည်းရထားတဲ့အပြင် နိုင်ငံခြားထိပါ ပြိုင်ဖူးတဲ့သူတဲ့ ။ အခုလည်း သူပေးတဲ့ လက်မှတ်နဲ့ သူပြိုင်ပွဲကို လာကြည့်တဲ့အခါ သူ့လို ဆိုင်ကယ် တစ်ရမ်းရမ်းလုပ်နေတဲ့ လူတွေမှ ကွင်းထဲမှာ အများကြီး ။ အနီရောင်ဆိုင်ကယ်နဲ့ လုံးဝကို မိမိုက်နေသော ထိုလူကြီးက ပြောသာပြောရတာ သိပ်ပြည့်စုံလွန်းသည် ။ ဒီလိုပြည့်စုံလွန်းသူကြီးက ဘာလို့များ မင်းသမီးတို့ မော်ဒယ်တို့နဲ့ မတွဲဘဲ သာမန်အလယ်တန်းကျောင်းသူနဲ့ လာတွဲပါလိမ့်နော် ။ သူ့ပြိုင်ပွဲကို ကြည့်သာကြည့်ရတာ ရင်တထိတ်ထိတ်ရယ်... တခါတခါများ ကွေ့လိုက်ရင် ဆိုင်ကယ်က လဲတော့မယ့် အတိုင်းပဲ ။ နောက်ဆုံးမှာ ဒုတိယဆုရသွားတဲ့ သူက အဲ့ဝတ်စုံကြီး မချွတ်ဘဲ ကျွန်မဆီ လျှောက်လာပြီး လက်ဆွဲကာ ခေါ်ထုတ်သွားသည် ။
"Sehun ah.. ဒီမှာ "
ထိုလူကြီး ခေါ်လိုက်တဲ့ လူကြီးကလည်း သန့်ပြန့်ပြီး မင်းသားတောင်ရှုံးမတတ် ပြင်ဆင်ထားပုံက.... ထိုလူကြီးက ကျွန်မကို မဲ့ရွဲ့ပြီး ကြည့်ကာ
"ရုပ်ဆိုးလိုက်တာ.. ချစ်စရာကောင်းတယ် ဆိုလို့ မျှော်လင့်ထားမိတာ မှားတာပဲ"
လူကို သက်သက်ကြီး ဖဲ့နေသော ထိုလူကြီးကို ဘုကြည့်ကြည့်နေတုန်း
"Congratulations Chanyeol... "
နောက်ထပ်ဝင်လာသူကတော့ သပ်သပ်ရပ်ရပ်နဲ့.. ပထမတစ်ယောက်နဲ့တော့ မျက်နှာထားက အစကွာခြားတယ်.. ကျွန်မကို ပြုံးပြီးကြည့်ရင်း
"အစ်ကို့နာမည်က Kim Jongin ပါ ... Chanyeol ကောင်မလေးမလား? "
လက်ဆွဲပါ လာနှုတ်ဆက်တာမို့ အယောင်ယောင်အမှားမှားနဲ့ ပြန်နှုတ်ဆက်လိုက်သည် ။ အဲ့အခန်းထဲမှာ ရပ်နေတုန်းမှာပဲ Chanyeol ဆိုတဲ့ လူကြီးက အင်္ကျီတွေ ချွတ်လဲနေတာမို့ ကျောခိုင်းထားလိုက်သည် ။ Sehun ဆိုတဲ့လူက ကျွန်မကို ကြည့်မရတဲ့ပုံစံပဲ ။ ခေါင်းအစ ခြေအဆုံး ကြည့်ပြီး ခေါင်းတခါခါနဲ့ နားမလည်နိုင်ဖြစ်နေတဲ့ပုံ ။ Jongin ဆိုတဲ့လူကတော့ နှုတ်ဆက်ပြီးကတည်းက ဘာမှဆက်မပြောတော့ဘဲ ထိုင်သာထိုင်နေသည် ။