Episode 28

1.7K 151 11
                                    

[Zawgyi version]

အချိန်က ကုစားတယ်ဆိုတာ ဘာကိုဆိုလိုမှန်း သေချာမသိပေမယ့် ကုတော့ကုစားပေးနေသလိုပါပဲ.... ။ ရောက်ခါစ ခွဲခွာကာစကတော့ Video call ပြောရဖို့ မအိပ်ဘဲ ထိုင်စောင့်ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ မနက်အိပ်ရာနိုးတဲ့အခါ သူမပို့ထားတဲ့ တစ်နေ့တာအစီရင်ခံစာ အရှည်ကြီးကို ဖတ်ပြီးပြုံးမိသည် ။ Video call ဖို့ဆိုတာ တကယ်တော့ မလွယ်လှပါ ။ အချိန်က နေ့နဲ့ညလို ဖြစ်နေချိန်မှာ တခါတလေ သူနေ့လည်ဘက် အားလို့ Video call ရင်သာ ပြောဖြစ်ကြတာပါ... ကျန်တဲ့အချိန်ကတော့ စာတိုလေးတွေနဲ့သာ ဆက်သွယ်ကြရသည် ။ ဒီလောက် လေယာဉ်လက်မှတ်ဖိုးလောက်တော့ တတ်နိုင်ပေမယ့် ကလေးမလေးက လိုက်မပါဖို့ အတန်တန်မှာသည် ။ တွေ့ရင် ထပ်ခွဲရဖို့ မခံစားနိုင်ဘူးတဲ့လေ ။ အစကနေ ပြန်ပြီးလွမ်းနေရမှာစိုးလို့ ဒီတိုင်းလေးပဲ လွမ်းနေကြရအောင်တဲ့ ။

LDRS အစစ်အမှန်ဖြစ်နေသော ကျွန်တော်တို့ ဘဝမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး တစ်နေ့တာကို ပြောခွင့်လည်းမရ.. နားထောင်ပေးလို့လည်းမရတာမို့.. အစီရင်ခံစာသဖွယ်ရေးပို့ဖြစ်ကြပြီး တစ်လကို တစ်ခါ Dating လုပ်ကြပါတယ် ။ ရုပ်ရှင်တူတူကြည့်တာမျိုးပေါ့ ။ အင်း... ပြီးတော့ တစ်လကို တစ်ရက် Video call ဖို့ မအိပ်ဘဲ စောင့်တယ် ။ ရုပ်ရှင်ကလည်း သူများအတွဲတွေလို တူတူကြည့်တာမဟုတ်ပေမယ့် ၁ကားတည်းကို တူတူကြည့်ပြီး video call တဲ့အခါ ပြန်ပြောကြတာမျိုးပေါ့ ။ ဒါကလည်း တူတူသွားကြည့်ခဲ့သလိုမျိုးပါပဲ ။ နေ့လည်စာအတူမစားနိုင်တဲ့ဘဝမို့ ဓာတ်ပုံလေးတွေပို့ပြီး ဘာစားနေကြောင်းပြောပြရတာကို ခုံမင်လာတယ် ။ သူနေမကောင်းတဲ့အခါမျိုးဆို တစ်ညလုံး video call ပြီး စောင့်နေပေးဖြစ်တယ် ။ သတိရတယ် အတွင်တွင်ပြောနေလို့ ကိုယ်ဝတ်နေကျ Hoddie လေးပို့ပေးလိုက်တယ် ။ မချွတ်တမ်းဝတ်ထားတာမြင်တော့လည်း ဘာကိုကြည်နူးမှန်းမသိ ကြည်နူးမိပြန်တယ်။

မွေးနေ့တို့ Anniversary တို့ဆိုတာကလည်း အတူဆင်နွှဲလို့မရတာမို့ new york က ပန်းဆိုင်မှာ ပန်းလှမ်းမှာပြီး သူမရှိရာကို ပို့ခိုင်းရုံသာ တတ်နိုင်သည် ။ White day.. Valentine day.. pepero day.. တို့ဆိုတာ အရင်ကဒီတိုင်းကျော်သွားခဲ့ပေမယ့် သူမအဝေးရောက်နေချိန်မှာတော့ Chocolate တွေ မှာပြီးပေးခိုင်းမိသည် ။ သူမပျော်နေမှာကို စိတ်ကူးယဉ်ရင်းပေါ့ ။

She Is A Baby (ChanBaek)Où les histoires vivent. Découvrez maintenant