[Zawgyi version]
"Baekhee ah.... သက်သာရဲ့လား "
မူးနောက် ရီဝေဝေ ဖြစ်နေသော မျက်လုံးကို အားစိုက်ကြည့်လိုက်တော့ Jongin Oppa က စိုးရိမ်စွာ ကြည့်နေသည် ။
"ကို..ကို.. ရော? ကိုကို... ဘယ်မှာလဲ "
"စိတ်မပူပါနဲ့.... Chanyeol ခွဲစိတ်ခန်းကနေ ထွက်လာပီ... Sehun စောင့်နေတယ်.. ကိုယ့်ကိုကိုယ်အရင်ဂရုစိုက်ဦး... ခဏလေး... အကို ဆရာဝန်ခေါ်ပေးမယ်.... "
ကိုယ်က ကံကောင်းထောက်မပြီး ခေါင်းကွဲလို့ ၇ချက်ချုပ်ရုံ တခြား ပွန်းပဲ့ရုံပဲ ဖြစ်ခဲ့ပေမယ့် ကိုကိုကတော့ နံရိုး ၂ချောင်းကျိုးသွားခဲ့ပြီး ခြေထောက်အရိုးအက်သွားတယ်တဲ့... ။ အားလုံးပြန်ကောင်းဖို့ဆိုရင် ၃လလောက် အနားယူရမှာ ။
"Chanyeol... သတိရပြီလား... ဆရာဝန်သွားခေါ်ပေးမယ်... "
Sehun နောက်မှာ ပါလာတဲ့ ဆရာဝန်တွေက စစ်ဆေးပြီး ထွက်သွားတဲ့အခါမှာတော့...
"Sehun ah... ပြန်တော့လေ... အိမ်မှာ Luhan နဲ့ ကလေးနဲ့ပဲ ရှိနေတာမလား... ငါအဆင်ပြေပါတယ်... ဒီမှာ သူနာပြုတွေလည်း ရှိနေတာပဲ.. "
"ခဏနေပြန်လိုက်မယ်... မင်းအဆင်ပြေတာ သေချာတယ်မလား "
"အင်း.... ဒါနဲ့ Baekhee ရော? သူဘယ်လောက်ထိခိုက်သွားလဲ "
"ဟိုဘက်ခန်းမှာရှိတယ်... Jongin စောင့်နေပေးတယ်.. ငါတို့မပြန်ခင်မင်းတို့ကို တခန်းထဲ ထားပေးဖို့ လုပ်ပေးခဲ့မယ် "
ကုတင်တွေရွှေ့လာပြီး ၂ယောက်ပြန်သွားပေမယ့် အခန်းထဲကို Baekhee က မဝင်လာ.... သူမှေးကနဲအိပ်ပျော်သွားပြီး ခြေသံကြားလို့ နိုးလာတော့မှ ကုတင်အစွန်းမှာ ရပ်နေတဲ့ Baekhee ကိုတွေ့တယ် ။
"Baekhee ah.... အဆင်ပြေရဲ့လား... "
"တောင်းပန်ပါတယ် ကိုကို.... ကလေးကြောင့် ကိုကို အခုလိုဖြစ်ရတာပါ... တောင်းပန်ပါတယ် "
ကုတင်အစွန်းမှာရပ်ပြီး ရှိုက်ကြီးတငင်ငိုနေတဲ့ သူမကြောင့် ထဖို့ပြင်ပြီးမှ ဆစ်ကနဲနာသွားတဲ့ နံရိုးကြောင့် အသံထွက်ကာ ညီးမိပြီး ပြန်လှဲနေလိုက်ရတယ် ။
"Baekhee ah... ဘာလို့ငို... အ!! "
"ကိုကို... မလှုပ်နဲ့လေ... "