[Zawgyi version]
[Ph ring]
"ပြောပါ... "
"Arjashi... ဟာယွန်း ပါ.. ဒီနေ့ ပတ်တီးဖြေရမယ့်နေ့ဆိုတော့ Arjashi လိုက်ပို့ပေးမလား.. လှမ်းမေးတာပါ.. တကယ်လို့ မအားရင်... "
"ဘယ်အချိန်လောက်လဲ... "
"ကျောင်းဆင်းရင် ဆေးရုံသွားမှာ.. "
"အင်း... ဒါဖြင့်လည်း ကျောင်းမှာ လာခေါ်လိုက်မယ်... "
ကိုယ့်ဘာသာကိုယ်တောင် မေ့နေပြီဆိုပေမယ့် ဖုန်းဆက်လာတော့လည်း ကိုယ့်တာဝန်ကိုယ်ယူရမှာပေါ့.. ညနေကျောင်းဆင်းချိန်ထက် နာရီဝက်လောက် နောက်ကျပြီးမှ ရောက်သွားတော့ ဆိုင်ကယ်နဲ့ ကောင်လေးက သူမနဲ့အတူ စောင့်နေသည်.. သူမက ကားပေါ်လာထိုင်ပြီး လက်ပြတော့မှ ဆိုင်ကယ်က ထွက်သွားတယ်...
"အရက်တူတူသောက်တဲ့ မင်းရဲ့ရည်းစားလား.. "
"ရည်းစားမဟုတ်ပါဘူး.. ဒီတိုင်း ယောက်ျားလေး သူငယ်ချင်း "
"ယောက်ျားလေးသူငယ်ချင်းရဲ့ အိမ်မှာ ၂ယောက်တည်း အရက်သောက်တယ်? "
Baekhee သာ အဲ့လိုဆို ဘာလုပ်မိမယ်မသိဘူး...
"ဘာဆန်းလို့လဲ.. အတူအိပ်တဲ့အချိန်တောင်ရှိတယ်.. "
သူမစကားကြောင့် ကျွန်တော့်မျက်ခုံးရှုံ့သွားတော့ သူမက
"Arjashi လည်း ဒီအသက်အရွယ် ရောက်နေပြီပဲ.. ဒီလောက်တော့ သဘောပေါက်မှာပဲဟာ.. "
ဒီကောင်မလေးကို Baekhee နဲ့တူတယ် ထင်မိတာ နောင်တရသည်.. သူမက အရမ်းကို ပွင့်လင်းလွန်းပြီး ဘာကိုမှ ဂရုမစိုက်တဲ့ စရိုက်မျိုးပါ... သေချာစဉ်းစားကြည့်တော့ ကျွန်တော့်ရဲ့ ပထမဆုံးအကြိမ်ကလည်း သူမတို့ အသက်အရွယ်မှာပဲ ဖြစ်ခဲ့သည် ထင်သည် ။
"ဒါမယ့်မင်း..... "
"စိတ်ပူစရာမရှိပါဘူး... ဟာယွန်းက ခွဲစိတ်ထားတာမလို့ "
အထူးအဆန်းတွေ နားထောင်ချင်ရင် သူမနဲ့ စကားပြောရမလိုပဲ...
"ခွဲစိတ်တယ်??? "
ကျွန်တော် နားရှုပ်သွားလို့ ပြန်မေးတော့ သူမက သူမလက်မောင်းကို ပြရင်း..