ညကရန်ဖြစ်ထားတာမို့ မနက်ကို သူမနိုးခင် အရင်ထပြီး Bus ကားနဲ့ ကျောင်းသွားသည် ။ ကျောင်းကို အစောကြီးလည်း ရောက်နေတာမို့ ဘောလုံးကွင်းမှာ ထိုင်နေတုန်း Bin ရောက်လာခဲ့သည် ။
" မနေ့ကအတွက် တောင်းပန်ပါတယ်.. ဟိုလူနင့်ကို ရန်လုပ်သေးလား "
"Bin ah.... ငါက နင်တွေးထားသလို လူမျိုးမဟုတ်ဘူး... ငါက ငါ့ကောင်လေးငွေနဲ့ ကျောင်းတက်နေရတာ.. မိဘလည်းမရှိဘူး... ငါ အခုလို နေနိုင်အောင် သူပဲ စောင့်ရှောက်ပေးထားတာ... ငါသူ စိတ်ညစ်မယ့်ဟာမျိုး မလုပ်ချင်ဘူး.. ငါတို့မတွေ့ဘဲနေရအောင်လား.. "
ကျွန်မစကားကြောင့် Bin က ငြိမ်သွားသည် ။ ခဏလေး ငြိမ်နေပြီးမှ
"ငွေကြောင့်ဆိုရင် အဲ့ငွေကို ငါပေးနိုင်ပါတယ်.. နင်သူ့ကို ဘာလို့ကြိုက်သလဲ နင်ဘယ်လိုပုံစံမျိုးကြိုက်သလဲ တွေးပြီး သူစီးသလို ဆိုင်ကယ်လိုက်ဝယ်.. သူစီးထားတဲ့ ဖိနက်လို လိုက်စီးပြီး နင်သဘောကျလာအောင် လုပ်ခဲ့ပေမယ့် နင်က သတိတောင်မထားမိခဲ့ဘူးနော် "
"ငွေတစ်ခုတည်းကြောင့်လို့ နင်ထင်လား.. ငါသူနဲ့တွဲလာတာ ၃နှစ်ကျော်ပြီ.. သူငါ့ကို ထောက်ပံ့တာ ၁နှစ်ပဲရှိသေးတယ်.. "
"ဒါဆိုနင်က သူ့ကိုချစ်တယ်ပေါ့... "
တိမ်ကင်းစင်ပြီး ကြည်လင်နေတဲ့ ကောင်းကင်ကို မော့ကြည့်နေရင်း ကျွန်မဖြေလိုက်သည် ။
"အချစ်ဆိုတာ ဘာလဲတော့ ငာလည်းမသိဘူး.. ဒါမယ့် အချစ်ဆိုတာ ပျော်ရွှင်ခြင်းဆိုရင်တော့ ငါသူ့ကိုချစ်တယ်.. ငါပျော်ရွှင်နေရတယ်လေ "
"ငါ့ကြောင့်နင်စိတ်ညစ်ရလား "
ဒီမေးခွန်းအတွက် ဖြေရခက်သည် ။ Binnie သည် ကျွန်မရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်ပြီး ကျွန်မနဲ့သူ ကြားမှာ လှပတဲ့ အမှတ်တရတွေလည်းရှိခဲ့သည် ။ Sung Bin ဆိုတဲ့ဖြစ်တည်မှုကို Chanyeol Oppa နဲ့မရောထွေးဘူးဆိုရင် သူသည်လည်း ကျွန်မအတွက် ပျော်ရွှင်မှုပဲ ပေးခဲ့သူပါ ။ ဒါမယ့် Oppa က သူနဲ့ပတ်သတ်ပြီး စိတ်ထင့်နေမယ်ဆိုတဲ့အတွက် သူကိုတွန်းထုတ်နေခြင်းသာ........
"ငါနင့်ကို စောင့်နေရဦးမှာပဲ... နင့်သဘောအတိုင်း ငါတို့မတွေ့ကြတော့ဘူးဆိုရင်တောင်မှ တက္ကသိုလ်တက်တဲ့အချိန် ငါနင့်အနားကို ပြန်လာမှာ "