Epi 2

215 19 4
                                    


For Zawgyi ,

အခန်းထဲကို နွေးထွေးလှတဲ့ နေရောင်ခြည်ဖြာကျ
လာတာနဲ့ အိပ်ချင်စိတ်ကို အတင်းဖြောက်ကာ လင်း အိပ်ရာက ထလိုက်သည် ။

အမှန်တော့ နေရောင်ခြည်က နေ့တိုင်း အခန်းထဲ
ကို ဖြာကျနေကြပေမယ့် ဒီနေ့မှ သူ ဝီရိယရှိရှိနဲ့
စောစောထလိုက်မိတာပါ ။
အခါတိုင်းဆို နေရောင်ခြည်ဝင်လာရင်တောင် အရေး
မစိုက်ပဲဆက်အိပ်နေတတ်ပေမယ့် .... ဒီနေ့တော့
သူနဲ့မင်းစစ်လွန်းနိုင်ရဲ့ Game ကစားပွဲကြောင့် စိတ်လှုပ်ရှားပြီးဆက်မအိပ်နိုင်တော့တာ ။

သူ အိပ်ရာမှ မြန်မြန်ထကာ တစ်ကိုယ်ရေသန့်ရှင်း
ရေးလုပ်ပြီး ကျောင်းသွားဖို့ ပြင်လိုက်တယ် ။

အင်း ... ဒီနေ့တော့ Game ကစားတာစပြီ
ဆိုတော့ ဟိုကောင် ကြွေသွားအောင် သေချာ ရွှိုင်း သွားရမယ် ။

ဟာ ... ရွှိုင်းပါ့မယ်ဆိုမှ အဝတ်အစားတွေက
တစ်ထည်မှကို ပုံမလာဘူး ။
နှစ်နာရီလောက် ထိုင်ရွေးပြီးမှ ရှပ်အဖြူရောင်
လေး နဲ့ ဂျင်းအပြာရောင်လေးကို သူ
သဘောကျမိတယ် ။

အင်း ... ဒါပဲ ဝတ်သွားပါတော့မယ်လေ... ။
ရှပ်အဖြူရောင်နှင့် ဂျင်းအပြာရောင်လေးပဲ သူ ဝတ်
လိုက်တယ် ။

ဟင်း ...... သက်ပြင်းတစ်ချက်ချပြီး ကိုယ့်ကိုကိုယ်
ကြည့်ကာ သူ သနားမိသွားတယ် ။
ဒီလောက် ဗီဒိုအကြီးကြီးထဲမှာတောင် ငါ ဝတ်စရာ ဒီတစ်ထည်ပဲ ရှိပါလား ။
လင်းသူရိယရယ် မင်းအဖြစ်က သနားစရာပါလား ။

အကုန်လုံး ပြင်လို့ဆင်လို့ပြီးတာနဲ့ သူ အပေါ်ထပ်က
ဆင်းလာခဲ့လိုက်တယ် ။
" မားရေ ... သား မနက်စာ မစားတော့ဘူး ။
ကျောင်းရောက်မှပဲ စားလိုက်တော့မယ် ။ "

" အေး အေး ... ။ ဒါနဲ့ သားမှာ မုန့်ဖိုးရှိ
သေးလား ။ "

" ရှိသေးတယ် မား ။ ဒါဆို သားသွားပြီ ။
မားရေ bye bye . "

" အေး .. အေး .. bye သားရယ်လမ်းမှာ
ဂရုစိုက်သွားဦးနော် ... သား ။ "

" ဟုတ် မား ... "

.
.
.

ကန်တင်းထဲ သူ ဝင်လိုက်တာနဲ့ ပထမဆုံးမြင်လိုက်
ရတာကတော့
ဂြိုလ်ကောင်မင်းစစ်လွန်းနိုင်ရဲ့ မျက်နှာဖြစ်နေတယ် ။

Love GameWhere stories live. Discover now