Epi 14

104 8 0
                                    

For Zawgyi ,

အတန်းတက်ချိန်မရောက်သေးတာ
ကြောင့် မင်းစစ်လွန်းနိုင်တို့အားလုံး
ကန်တင်းမှာထိုင်ကာ စကားပြောနေ
ကြချိန်တွင် သူတို့ဝိုင်းသို့
ကောင်မလေးတယောက်လျှောက်လာ
ပြီး မင်းစစ်လွန်းနိုင်ရှေ့တွင် ဝင်ထိုင်ကာ

" အကို ညီမနဲ့ စကားခဏပြောလို့
ရမလားဟင် " ဆိုပြီးစကားစလာ ခဲ့လေသည် ။

ကောင်မလေးရဲ့စကားကြောင့် မင်းစစ်
လွန်းနိုင် ခဏကြောင်အသွားပြီးနောက်
" အကို့ကို ပြောတာလား ညီမ " ပြန်
လည်ကာမေးလိုက်လေသည် ။

သူ့၏အမေးကို ကောင်မလေးက
" ဟုတ် အကို ... အခုအချိန်ရမလား
မသိဘူး "

အတန်းတက်ချိန်မရောက်သေးတာ
ကြောင့်
" အင်း အကို အချိန်ရပါတယ် ကိစ္စ
ရှိလို့လား "

သူ့စကားကိုကြားတော့ ကောင်မလေး
က ပျော်သွားကာ
" ဟုတ် အကို့ကို ပြောစရာရှိလို့ပါ "
အပြုံးလေးနဲ့ ပြောလာခဲ့သည် ။

ပြောစရာရှိတယ်ဆိုတဲ့ ကောင်မလေး
စကားကြောင့်
" အင်း ဘာပြောစရာရှိလို့လဲ ပြော
လေ .. " မေးခွန်းထုတ်လိုက်ရာ
ကောင်မလေးက သူ့ဘေးကလူတွေကို ကြည့်ပြီး
" ဟို ဟို ဒီမှာ ပြောရမှာလား " စကား
တွေ ထစ်လာခဲ့သည် ။

" ဒီမှာ ပြောလို့မဖြစ်လို့လား သူတို့
တွေက အကို့ရဲ့အရင်းနီးဆုံးလူ
တွေပါ ဘာမှမဖြစ်ဘူး ပြောလို့ရ
တယ် "
ဆိုတဲ့စကားလဲဆုံးရော ကောင်မလေး
က ရုတ်တရက်
" ညီမ အကို့ကို သဘောကျတယ်
ပြီးတော့ အကို့ကို ညီမချစ်တယ် "
ဖွင့်ပြောလိုက်လေသည် ။

မထင်မှတ်ထားတဲ့ ဖွင့်ပြောမှုကြောင့်
မင်းစစ်လွန်းနိုင် အံ့ဩကာကြောင်အ
သွားသလို
ဘေးက သံစဉ်ပွင့်ဖြူတို့တတွေလဲ အံ့
ဩမင်သက်သွားကြလေသည် ။

ထိုဖွင့်ပြောမှုသည် လင်းသူရိယရဲ့နား
ထဲကို ခါးသက်စွာဝင်ရောက်လာကာ
သဝန်တိုမှုဝမ်းနည်းမှုကိုလဲ ခံစား လိုက်ရသည် ။
*** ငါ ကိုလွန်းကို တကယ်ချစ်မိသွားပြီ
ပဲ ကျွန်တော် ဒီကစားပွဲမှာ အမှန်တ
ကယ်ကို ရှုံးနိမ့်သွားခဲ့ပြီ
ကျွန်တော် ရှုံးနိမ့်မှာကို မကြောက်ပါဘူး ကိုလွန်း ... ဒါပေမယ့် ခင်ဗျားမချစ် မှာကိုတော့ ကြောက်နေမိပြီ ***

Love GameWhere stories live. Discover now